မောင်ဘကြိုင်နားစောင်းတီး

Jan 27th, 2010 Posted in မောင်ဘကြိုင်၏ဘာသာရေး | No Comments »

ဗုဒ္ဓဘာသာတယောက် ဖြစ်နေပြီးတခါတခါ ကိုယ့်ဖာသာကိုယ်အားမရ ဖြစ်ရတယ် ကိုယ့်ရွယ်တူတွေ ကိုယ့်ထက် ငယ်သူတွေ တရားရှုမှတ်နေ ကမ္မဋ္ဌာန်းအားထုတ် နေတဲ့အချိန်မှာ မောင်ဘကြိုင်ကတော့ သြကာသဘုရား ရှစ်ခိုးနဲ့ ဆုတောင်းဆုယူ မေတ္တာပို့ကနေ ရှေ့မဆက်နိုင်ဖူး ဖြစ်နေတယ်လေ ဒါကြောင့်တခါတလေ ဗုဒ္ဓစာပေတွေဖတ်မှတ် ပြီး ကိုယ့်ဖာသာကိုယ် တယောက်တည်းတွေး နေမိတယ် “ကျွဲပါးစောင်းတီး” ဆိုတဲ့စကားကိုပဲ မောင်ဘကြိုင်ကိုများ ပြောလေသလား ထင်ရအောင်ဖြစ်ရတယ် ဖြစ်လဲဖြစ်နေပါတယ် ကိုယ့်ကိုယ်ကိုလဲသိတယ် ကမ္မဋ္ဌာန်းတရား တရား မှတ်တဲ့ ဖက်မှာငါလိုသေးတယ် တော်တော်လေးကို လိုနေသေးတယ်ဆိုတာ သိတယ်သိကိုသိနေတာ ဒါပေမယ့် ကိုယ်တိုင်ဘယ်လိုမှ တရားမှတ်လို့ မရဖူးဖြစ်နေတယ် စာအုပ်တွေဖတ်မှတ်ပြီး လိုက်ကြိုးစား ပေမယ့်လို့ ဘာမှထူး ခြားမလာဖူး ခဏလေး တစ်မိနစ်လေးတောင် စိတ်မှာတရားမှတ်ဖို့ ဝင်သက်ထွက်သက် မှတ်လို့မရဖူး ဖြစ်နေမိ တယ် စဉ်းစားမိသေးတယ် လက်တွေ့ပြောပြ ဆိုပြနည်းလမ်း ညွန်ပြမယ့် ဆရာနဲ့နည်းနာယူ ပြီးလိုက်ကျင့်မှများ ရနိုင် မလားလို့ သွားသတိရလိုက်တယ် ခုနစ်နှစ်အရွယ် ရှင်သာမဏေလေး ပေးတဲ့ကမ္မဋ္ဌာန်းကြောင့် ကျမ်းတတ်ပေ တတ် ပိဋကတ်သုံးပုံ ဆောင်စာချပုဂ္ဂိုလ်ဖြစ်တဲ့ ရှင်ပေါဋ္ဌိလအဖြစ် လိုများဖြစ်နေလားလို့ ဒါပေမယ့် ရှင်ပေါဠိလက ကျွမ်းတမ်းဝင်မယ့် ပုဂ္ဂိုလ်ဖြစ်တယ် မောင်ဘကြိုင်က ဘယ်နှယ်ဘုံဘဝ ကျင်လည်ရအုံးမယ်မှန်း မသိနိုင်တဲ့ လူ သာမာန်ဆိုတော့ မနှိုင်းကောင်းပါဖူးလေ တရားရှုမှတ်တဲ့ ဖက်မှာတော့ မောင်ဘကြိုင် မူကြိုအဆင့်တောင် မရှိ သေးတာအမှန်ပါပဲ

ရှင်ပေါဋ္ဌိလ

ရှင်ပေါဋ္ဌိလကြီးဟာ ဝိပဿီဘုရားရှင် မှစ၍ယခု ဂေါတမဘုရားရှင် တိုင်အောင်ဘုရား (၇)ဆူသာသနာတော်မှာ ပိဋိကတ်သုံးပုံဆောင် ရဟန်းငါးရာတို့၏ စာချချည်းဖြစ်ခဲ့တယ်။ ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်လဲဖြစ်တယ်။ သို့သော် ဝိပဿနာတရား အားမထုတ်ဖူး။ ဒါကို ဘုရားရှင်သိတော့ “ဤပေါဋ္ဌိလရဟန်း အားမိမိ၏ဒုက္ခမှ လွတ်မြောက်ရေး တရားကိုပြုကျင့်အံ့ဟု ထိတ်လန့်သံဝေဂ ဖြစ်စေအံ့” လို့စဉ်းစားပြီး ရှင်ပေါဋ္ဌိလကြီး ဘုရားရှင်ထံ လာတိုင်းပြန် တိုင်း “အချည်းနှီးသော ပေါဋ္ဌိလလာလော့ အချည်းနှီးသော ပေါဋ္ဌိလထိုင်လော့ အချည်နှီးသော ပေါဋ္ဌိလသွား လော့ အချည်းနှီးသော ပေါဋ္ဌိလသွား၏” ဟုဘုရားရှင်က ခေါ်ဝေါ်ပြောဆိုတော့တယ် အဲဒီလိုခေါ်ဝေါ်တော့ ပေါဋ္ဌိလကြီးက စဉ်းစားတယ် “ငါသည်အဠက ထာနှင့်တကွ ပိဋိကတ်သုံးပုံကို ဆောင်တယ်၊ ရဟန်းငါးရာ တို့၏ ဂိုဏ်း ကြီး(၁၈) ဂိုဏ်းမှာစာချလည်း ဖြစ်တယ်၊ သို့ပါလျက် ငါ့ကိုဘုရားရှင်က အချည်နှီးသော ပေါဠိလလို့ ခေါ်တယ်၊ စင်စစ်ငါ့ကို ဈာန်မဂ်ဖိုလ် စသောတရားထူး မရှိလို့ဒီလိုခေါ်တာပဲ” လို့စဉ်းစားမိပြီး ထိတ်လန့်သံဝေဂ ရသွားတယ် ရှင်ပေါဋ္ဌိလကြီးဟာ အဲသလိုတွေးမိပြီး ဆုံးဖြတ်ချက်လည်း ချလိုက်တယ် “အရညံပဝိသိတွာ သမဏဓမ္မံ ကရိဿာမိ= တောသို့မြန်း၍ ရဟန်းတရားကို အားထုတ်ပါတော့အံ့”

အဲဒီလိုဆုံးဖြတ်ပြီး သပိတ်တလုံး သင်္ကန်းသုံထည်နှင့် တောထွက်ခဲ့တယ်။ ယူဇနာ(၁၂၀) ဝေးသော ရဟန္တာ(၃၀) သီတင်းသုံးတဲ့ တောကျောင်းတစ် ကျောင်းရောက်ခဲ့တယ်။ ရောက်တာနဲ့ တပြိုင်နက် အကြီးဆုံးရဟန္တာ အရှင် မြတ်ကို ချည်းကပ်ရှိခိုးပြီး လျှောက်တင်တော့တယ် “အရှင်ဘုရား တပည့်တော်၏ မှီခိုရာဖြစ်တော်မူပါ ဘုရား”

“ငါ့ရှင်သင်သည် စာချဓမ္မကထိက ဖြစ်လေ၏ ငါ့တို့ကတောင်မှ ငါ့ရှင်ကိုမှီ၍ တစ်စုံတစ်ရာ သိစရာကို မေးရဦးမှာ အဘယ်ကြောင့် ငါ့ရှင် ဒီလိုပြောရသလဲ” လို့ရဟန္တာအရှင်မြတ်ကြီးက ပြန်မေးလိုက်တယ် ရှင်ပေါဋ္ဌိလကြီးမှာ ပရိယတ္တိကို အမှီပြု၍မာန်မာန ရှိနေတာကို သိတဲ့ရဟန္တာအရှင်မြတ်က ပေါဠိလကြီး မာန်ကျစေခြင်းငှာ ငယ်သည့် မထေရ်ထံသို့ ထပ်ညွန်းလိုက်တယ် ရှင်ပေါဋ္ဌိဟာ ထိုမထေရ်ဆီ ထပ်သွားတယ် အဲလိုပဲမာန်ကျစေဖို့ မထေရ်တပါး ပြီးတစ်ပါး ညွန်းရင်းနဲ့ နောက်ဆုံးမှာတော့ သင်္ကန်းချုပ်နေတဲ့ (၇)နှစ်သား ကိုရင်လေးထံကို ရောက်သွားခဲ့တယ် အဲဒီလိုရောက်သွားပြီး ကိုရင်လေးကို “သူတော်ကောင်း အကျွန်ုပ်၏ မှီခိုရာဖြစ်ပါလော့” လို့လျှောက်လေတယ် အဲဒီလိုရှင်ပေါဋ္ဌိလ ကလျှောက်တော့ “ဆရာ၊အံ့ဖွယ် ရှိပေစွတကား အဘယ်ကြောင့် ဒီလိုပြောရတာလဲ ဘုရား၊ အရှင်ဘုရားတို့သည် ကြီးပါကုန်၏ ဗဟုသုတလည်း ရှိပါပေကုန်၏ အရှင်ဘုရားတို့၏ ထံတွင်သာ တပည့်တော်တို့ ပညာယူ သင်ယူစရာရှိ ပါသေးတယ်ဘုရား” လို့ကိုရင်ငယ်လေးက ပြန်လျှောက်ပြန်တယ်

ရှင်ပေါဋ္ဌိလက “သူတော်ကောင်း ဤသို့မပြောလင့် အကျွန်ုပ်၏ ကိုးကွယ်ရာ ဖြစ်တော်မူလော့”လို့ထပ်လျှောက် ပြန်တယ် “အရှင်ဘုရား အကယ်၍ ဆိုဆုံးမတိုင်း နာယူလိုက်နာပါက အရှင်ဘုရား၏ မှီခိုရာဖြစ်ပါမည်” လို့ကိုရင် လေးကပြန်ပြောတော့ “သူတော်ကောင်း ဆုံးမသည့်အတိုင်း လိုက်နာပါမည် မီးပုံကြီးထဲ ဆင်းဆိုလျှင် ဆင်းပါ မည်” လို့ရှင်ပေါဋ္ဌိလက လိုက်နာမည့်အကြောင်း ဆိုလေတယ်

“ဒီလိုဆို အရှင်ဘုရား ယခုဝတ်ရုံထား သည့်အတိုင်း ဤရေအိုင်သို့ ဆင်းပါလော့” လို့အနီးကရေအိုင်ကို လက်ညိုး ညွန်ပြီးဆိုတော့ ရှင်ပေါဋ္ဌိလ တုန့်ဆိုင်းမနေပဲ ရေအိုင်ထဲဆင်းလိုက်တယ် ဒီတော့မှ ကိုရင်လေးက “အရှင်ဘုရား ကြွပါဘုရား” လို့ပြန်ခေါ်တယ် ရှင်ပေါဋ္ဌိလပြန်ကြွပြီး ကိုရင်လေးနား ရပ်နေလိုက်တယ် အဲဒီအခါမှ ကိုရင်လေးက ရှင်ပေါဋ္ဌိလကို ကမ္မဋ္ဌာန်းပေးတယ်

“အရှင်ဘုရား တောင်ပို့တခုမှာ အပေါက်ခြောက်ပေါက် ရှိပါတယ်၊ အဲဒီတောင်ပို့သို့ အပေါက်တပေါက်မှ ဖွတ်တ ကောင်ဝင် သွားပါတယ်၊ အဲဒီဖွတ်ကို ဖမ်းလိုပါလျှင် ကျန်သည့်ငါးပေါက်ကို ပိတ်ပြီးခြောက်ခုမြောက် ဝင်သည့် အပေါက်မှ ဖမ်းယူရပါတယ်၊ အဲဒီဥပမာ တူတူပါပဲဘုရား ဒွါရ(၆)ပါး၊ တံခါး(၆)ပေါက် တို့တွင်ဒွါရ(၅)ပါး တံခါး(၅) ပေါက်တို့ကို ပိတ်၍မနော ဒွါရဖြင့်ကမ္မဋ္ဌာန်းတရား ရှု့ပွားတော်မူပါဘုရား”

စာပေကျန်းဂန်တတ် ဖြစ်တဲ့ရှင်ပေါဠိလဟာ လမ်းစရှာတွေ့တဲ့ လမ်းပျောက်နေသူလို လမ်းတွေ့ပြီး ဘာကိုဆိုလို တယ်ဆိုတာ ရှင်းလင်းသွားတယ် “သူတော်ကောင်း ဤမျှဆိုတော်လောက်ပြီ” လို့လျှောက်ပြီး မိမိ၏ ကရဇကာ ယခန္တာကိုယ်တွင်း ညဏ်သွင်းလို့ ရဟန်းတရားကို အားထုတ်တော့တယ် အဲဒီလိုတရား အားထုတ်နေတော့ ဘုရားရှင်က ဇေတဝန်ကျောင်းတော် ကမြင်ပြီး သြဘာသရောင်ခြည် တော်လွှတ်ပြီး တရားဟောတယ်

“ကမ္မဋ္ဌာန်းတရား ကြိုးစားပွားများခြင်းကြောင့် စင်စစ်ပညာတိုးပွား၏ ကမ္မဋ္ဌာန်းတရား မကြိုးစားမပွားများခြင်း ကြောင့်ပညာကုန်ခန်း ဆုတ်ယုတ်၏ ပညာပွားခြင်း ဆုတ်ယုတ်ခြင်း ခရီးနှစ်ဖြာ လမ်းနှစ်မြွာကို သိပြီး၍ ပညာတိုး ပွားသောအခြင်းရာဖြင့် မိမိကိုယ်ကို သွင်းထားရာ၏” ဆိုတဲ့ဘုရားရှင်ရဲ့ တရားအဆုံးမှာ ရှင်ပေါဋ္ဌိလကြီးလည်း ရဟန္တာအရှင်မြတ် ဖြစ်သွားတယ် …..

အဲဒီလိုရှင်ပေါဠိလကြီး အကြောင်းဖတ်မှတ်ရပြီး အသိလေးရတာ တော့အမှန်ပဲ ဒါပေမယ့်လို့ တရားရှုမှတ်တာနဲ့ တော့ဝေးနေတုန်းပါပဲ ဆရာသမားနဲ့ အားထုတ်တော့ ဆရာသမားပေါ် လေးစားတဲ့စိတ်ကြောင့် အကျိုးဖြစ်နိုင် တယ် ကိုယ်ဘာသာကိုယ်ဆို မလေးစားဖူး ပေါ့တယ် တော်တော်နဲ့မရီး မရောက်ဘူးဖြစ်နေတယ်

ရှင်ပေါဋ္ဌိကြီးကတော့ ပါရမီဓာတ်ခံလည်းရှိ ကျန်းတတ်ပေတတ်လည်း ဖြစ်ပြန်တော့ အစရတာနဲ့ အဆုံးကိုခရီး ရောက်သွားတယ် မောင်ဘကြိုင်လို လူညံနားမှာ စောင်းတီးပြနိုင်တဲ့ ဆရာကိုတောင် မတွေ့ခင်က အားနာမိပါ တယ် ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်း ကိုယ်ပဲသိပေသကိုး သြော်လိုသေးပါတကား လိုနေတုန်းပါလား

လောကနဲ့မိန်းမ

Nov 17th, 2009 Posted in စာတိုပေစ | 7 Comments »

ကျွန်တော်ရေးမယ် ရေးမယ်ကြံနေတာ ကြာပါပြီဗျာ ရေးကောင်းမလား မရေးပဲနေရင် ကောင်းမလား တွေးနေတာ နောက်ဆုံးတော့ ထုံးစံအတိုင်း မနေနိုင်မထိုင်နိုင် ထရေးမိတော့တယ် ခေါင်းစဉ်ကတော့ သိတဲ့အတိုင်းပေါ့ “လောကနဲ့မိန်းမ” ဆိုတာပါပဲ ဒီကောင်ဘာတွေ ပေါက်ကရရေးတော့မှာလဲ မသိဖူးလို့တော့ မတွေးလိုက်နဲ့အုံးဗျ ပေါက်ကရဖြစ် တတ်တာက အကျင့်ဖြစ်ဖြစ်နေလို့ပါ “လောကမှာ မိန်းမဆိုတာ မရှိစကောင်း ရှိစကောင်း မပေါင်းလဲ ခက် ပေါင်းလဲခက်” ဆိုတဲ့အဆိုမိန့် တခုကိုအားလုံး ကြားဖူးပြီးသားပါ ဒီ“လောကနဲ့မိန်းမ” ကိုအသက်သွင်း ချင်နေတာတော့ ကြာပါပြီ ဘယ်ကနေစပြီး ဖြစ်လာတာလဲဆိုတော့ မြန်မာသူငယ်ချင်းများနေ့ ဆိုက်ထဲမှာ အက်မင်းမောင်နီကို က “အမျိုးသမီးများသည် နိုင်ငံကြီးသား ပီသကြသည်” ဆိုတဲ့ခေါင်းစဉ်နဲ့ စကားရည်လုပွဲလေးတခု ပြုလုပ်ခဲ့တာကစလာ တာပါ စကားရည်လုပွဲတို့ ထုံးစံအတိုင်း တင်သွင်းအဆိုပြုသူ ချေပပြောဆိုသူတွေနဲ့ ပွဲတော်တော်စည် သွားပါတယ် တင်သွင်းတာပြန်ချေပတာ တွေဖတ်ပြီး “ပင်လယ်ထဲမှာ လှေစီးရသလို” ဖြစ်နေတဲ့ကျွန်တော့်စိတ်ဟာ လေတိုက်ရင် လေငြိမ်ရင် လှိုင်းထန်ရင် လှိုင်းမရှိရင် ဖြစ်တတ်တဲ့ လှေရဲ့သဘောလို လှုးလွန့်လိုက် ငြိမ်သက်လိုက် အောက်ကျသွားလိုက် အမြင့်တက်သွားလိုက်နဲ့ တော်တော် လေးခရီးရောက်သွား ရပါတယ်
ကျွန်တော်ဟာ အမျိုးသမီးတွေကို အကောင်းမမြင်တဲ့သူ တယောက်မဟုတ်ပါဖူး နှိပ့်ချဝေဖန်လိုစိတ်လဲ မရှိပါဖူး တန်းတူအမြင်ပဲ ထားပါတယ် အဲလိုစကားရည်လုပွဲ ကို“အမျိုးသမီးများသည် နိုင်ငံကြီးသာပီသ ကြပါသည်”ဆိုတဲ့ ခေါင်းစဉ်လဲတွေ့ရော ကိုယ့်ငါးချဉ် ကိုယ်ချဉ်ချင်ကြတဲ့ ငါးချဉ်သည်လေး တချို့ကတော့ (ဤနေရာတွင် ငါးချဉ် သည်ဟု ရိုင်းစိုင်းစွာခေါ်သည်ဟု မထင်စေချင်ပေ။ နိုင်ငံကြီးသားပီသကြောင်း ပြချင်တဲ့ဆိုချင်တဲ့ အစ်မတွေ ညီမ တွေကို ချစ်စနိုး ငါးချဉ်သည်လေးတွေ လို့ခေါ်ခြင်းမျှသာဖြစ်သည်။) သူတို့တတွေက ကျွန်တော်တို့ ကျားသတ္တဝါ တွေကို ပြင်းပြင်းထန်ထန်ရော မပြင်းတပြင်းရော တိုက်ခိုက်သွားတယ်လို့ ကျွန်တော်ထင်မိပါတယ် ဒီတော့လည်း “အမောက်ကလေးနဲ့ကွ” ဆိုပြီးထောင်ပြအုံးမှလို့ ဒီခေါင်းစဉ်နဲ့ အမျိုးသမီးတို့ကို မိန်းမလိုမိန်းမရ ရန်တွေ့ခြင်းဖြစ် ပါတယ် အမှားရှိ ဝန္ဒာမိပါ၏ အမျိုးသမီးအပေါင်းတို့……….
ကျွန်တော့်အမြင် သေးသေးလေးနဲ့ ရေးသားဆွေးနွေးခြင်း ဖြစ်တာကြောင့် အမှားယွင်းရှိကဲ့သော် ကြိုတင် တောင်းပန်ပါတယ် အမျိုးသမီးအပေါင်းတို့………..

“လောကနဲ့ မိန်းမ”

လူ့သမိုင်းအစ ကျောက်ခေတ်မှ ယနေ့ခေတ်ကမ္ဘာကြီး တိုင်အောင်အမျိုးသမီးများသည် အမျိုးသားများ၏ အဖြည့် ခံသာဖြစ်သည်။ “ယနေ့ခေတ်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်း နိုင်ပြီဖြစ်သည်” ဟု အမျိုးသမီးများ ကြွေးကြော်တိုင်း အမျိုးသားထုမှာ ပြုံးချင်ချင်ဖြစ်နေ ကြလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့် ဆို သော် အမျိုးသားတို့၏ စိတ်သဘောထား ကြီးမြတ်မှု့ကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများ တန်းတူအခွင့်ရေး ရလာခြင်းဖြစ်သည်။ အမျိုးသမီးများအနေဖြင့် အမျိုးသားထုကို သမိုင်းနှင့်ချီ၍ ထင်ရှားသော ဘဝမှာအောင်မြင် သောအမျိုးသမီးများကို ထောက်ပြပြီး စောဒကတက်ဖွယ် ရှိလေသည်။ သို့သော်အရင် စဉ်းစားသင့်သည်မှာ အ မျိုးသမီးများအတွက် အခွင့်ရေးပေးခဲ့သည်မှာ အမျိုးသားများဖြစ်ကြောင်းပင်တည်း။ “ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ဘယ်အမျိုးသမီးက ဘယ်လိုဝန်ကြီးချုပ် ဘယ်သူက ဘယ်လောက်တော်တယ်” စသည်တို့ကိုမပြောခင် ထိုအမျိုးသမီးတို့အတွက် ထိုသို့ဖြစ်ခွင့်ရအောင် အခွင့်ရေးပေးခဲ့ သည်မှာအမျိုးသားများသာဖြစ်သည်။ အမျိုးသား များကခွင့်မပြု၍ ဘာမှမလုပ်နိုင် ဘာအခွင့်ရေးမှ မရကြသောအမျိုးသမီးတွေ ကိုမြင်ကြည့်သင့်သည်။ ထိုနိုင်ငံ များလူမျိုးများမှ အမျိုးသမီးများအနေဖြင့် ရင်ဘောင်တန်းနိုင်ပြီ ဟုဆိုနိုင်ပေမည်လော။ ထိုအခါ “ငါတို့ကံကောင်း နေတာ ငါတို့ပတ်ဝန်းကျင်က အမျိုးသားများ၏ သဘောထားကြီးမှု့ ကြောင့်ပါလား” ဟုသိနားလည်ပေမည်။

“ယောင်္ကျားဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ဆိုစကားပုံ ပင်ရှိ၏ အမျိုးသမီးများဖောင်လိုက် စီးနင်းနိုင်သောလဲ ယောင်္ကျားများ မီးနေသည်မဖြစ်နိုင်ပါ။ ဖောင်စီးခွင့်ပြုသော်လည်း မီးပြန်နေပေးရန်မှာ မဖြစ်နိုင်ပေ။ သဘာဝ တရားမှ ကန့်သတ်ထားလေသည်။ ယနေ့ယောင်္ကျားတွေ ကိုယ်ဝန်ဆေင်နိုင်ပြီ ဆိုသည်မှာလဲ သဲသောင်ပေါ်က အုတ်နီခဲတစ်လုံးမျှသာတည်း။ အမျိုးသမီးတို့၏ စွမ်းဆောင်နိုင်စွမ်း သေးသေးလေးကို အသားယူပြောနေချိန်မှာ အမျိုးသားတို့၏ စွမ်းဆောင်နိုင်စွမ်း ကိုမမေ့ထားသင့်ပေ။ ခေတ်အဆက်ဆက်ကို ပြောင်းလဲခဲ့သည်မှာ အမျိုးသား တို့သည်သာဖြစ်၏ ဥပမာ-ငွေ ဝယ်ကျွန်စနစ်သည် အမျိုးသမီးထုအတွက် အင်မတန်ဆိုးဝါးလှပေ၏ ထိုစနစ်လို မျိုးစနစ်ဆိုး တွေကိုမပြောင်းလဲနိုင်ခဲ့ဖူးဆိုရင် အမျိုးသမီးထုသည် ယနေ့လိုရင်ဘောင်တန်းနိုင်ပြီ ဟုပြောနိုင်ဖို့ရာ လမ်းမမြင်ပေ။ ပြောင်းလဲမှု့တွင် အမျိုးသားတို့၏အားသာလျှင် များပြားလှသည်။ ထိုခေတ်ထိုအချိန်က အမျိုးသမီး များမှာ မီးဖိုချောင်တွင်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ ယနေ့ခေတ်တွင်လဲ ထို့သို့ပင်များ၏ ပညာမည်သို့တော် တော် မည်မျှပင်ချမ်းသာစေမူ အမျိုးသားသာ အားကိုးရာဖြစ်နေဆဲပင်။ အမျိုးသမီးတို့သည် အမျိုးသားများနှင့် အားလုံးယှဉ်ပြီး ရင်ဘောင်တန်းနိုင် ရန်မှာလုံးဝမဖြစ်နိုင်ပေ။ ယနေ့ကမ္ဘာ့မွေးစာရင်းကို ပြန်ကြည့်လှည့်ပါ အမျိုး သားများမွေးဖွားနှုန်း အင်မတန်နည်းပါးနေပါပြီ။ ဤတချက်တည်းနှင့်ပင် အမျိုးသားများသည် အမျိုးသမီးတို့၏ အားကိုးရာဖြစ်နေအုံးမည် ဆိုသည်ကိုသိနိုင်ပေသည်။

အမျိုးသားနှင့် အမျိုးသမီးထုကြား ဆွမ်းဆန်ကြား ကြွက်ချေးရောဆိုသလို ရှိမြဲဖြစ်နေတော့ “မိန်းမစကပ်နား အ ချောင်ခိုစားမလို့ စီးပွားတွက်တွက်ပြီး ချောင်းနေကြတယ်” ဆိုသည့်တဖက်သတ်ဆန်လေသော စကားတို့ကိုမဆို သင့်လှပေ။ ထိုသို့ဆိုကြလေလျှင် အမျိုးသမီးများသာ အမျိုးသားတို့အား ခိုတွယ်နေသည်ဟု သဘောသက် ရောက်နိုင်ပေ၏ ဟိုးရှေးခေတ်မှ သည်ယနေ့ထိသော သက်ဆိုင်ရာအမျိုးသားတို့၏ စိတ်သဘောထားကြီးမြတ်မူ့ ကြောင့်သာ ယနေ့ခေတ်တွင် အမျိုးသမီးတို့ တန်းတူအခွင့်ရေးရလာခြင်း သာဖြစ်လေသည်။ သားမြတ်မိခင်တွေ ဖြစ်၍ အမျိုးသမီးတို့သာလျှင် သာလွန်သောအဆိုကို ဆိုချင်ကြသော အမျိုးသမီးတို့မှာ နှစ်ဖက်တီးမှ မည်သော လက်ခုပ်သံကို ကြားယောင်သင့်ပြန်သည်။ ယနေ့ခေတ်ကမ္ဘာတွင် လူမျိုးတိုင်းဘာသာတိုင်း၌ အမျိုးသမီးတို့သည် အဖြည့်ခံဘဝသာရှိသေးသည်။ ရာနှုန်းပြည့်တန်းတူအခွင့်ရေးရရန်မှာ လွယ်ကူမည်မဟုတ်သေးချေ။ နောက်လဲ ရာနှုန်းပြည့် တန်းတူရင်ဘောင်တန်းခွင့် မရနိုင်ပေ။ တချို့ကအမျိုးသားတို့ လုပ်ကိုင်သောအလုပ်များတွင် စက်ရုံ များတွင် အမျိုးသမီးလုပ်အားတွေများ ပါဝင်မှု့များလာပြီ အမျိုးသမီးတို့လုပ်နိုင်ကြပြီ ဆိုလာလေသည်။ ဤကား မှန်ပေ၏ သို့သော်အမျိုးသမီးတို့ လုပ်နိုင်သော စွမ်းနိုင်သောအလုပ်များသာဖြစ်လေသည်။ အမျိုးသမီးတို့ရရှိလာ သောအစွမ်းအစတို့သည် အမျိုးသားတို့ခွဲဝေငှ မှု့ကြောင့်သာဖြစ်သည်။

ခေတ်သမိုင်းများကို လည်ပြန်ကြည့်မိပါက သမိုင်းတလျှောက် အမျိုးသမီးထု၏ အခွင့်ရေးဆုံးရှုံးမှု့ များမှာအင်မ တန်များပြားလှပေသည်။ နိုင်ငံတိုင်းလူမျိုးတိုင်းတွင် တွေ့မြင်နိုင်ပေ၏ ထိုခေတ်ကာလအလွန် ယနေ့ခေတ်တွင် အမျိုးသမီးများ တန်းတူရင်ဘောင်တန်းလာ နိုင်စေရန်အမျိုးသားများကပင် ခွင့်ပြုနားလည်ပေးခဲ့ခြင်းတည်း။ ခေတ်နှင့်အညီ အမျိုးသမီးများ အမျိုးသားတို့နှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုသောစကားကိုပင် အမျိုးသမီးထုကိုယ် တိုင်ပြောခဲ့တာ သေချာသလားဟု သံသယဖြစ်ဖွယ်ရှိ၏ အမျိုးသမီးထုအား စာနာနားလည်ပေးသော အမျိုးသား များမှ ပြောခဲ့သောအားပေး စကားသံဖြစ်ကောင်း ဖြစ်နိုင်လောက်သေးသည်။ တချို့ချို့သောမိဘများ ကိုယ်တိုင် ပင် မမွေးသေးသော ဗိုက်အတွင်းမှ ရင်သွေးငယ်ကို သားယောင်္ကျားလေး ဖြစ်စေချင်ကြသေးသည်။ မိဘအ ယောက်တစ်ရာတွင် ၉၅ယောက်ခန့် မျှော်လင့်ချက်ဖြစ်သည်။ သမီးမိန်းကလေး မွေးလာပြီးမှသာလျှင် ကိုယ့် သားသမီးပင်ဖြစ်သည် ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးကလေးဖြစ်ဖြစ် ဟူ၍ဖြစ်လာပေ၏ ထိုအချက်ကို မည် သူငြင်းနိုင်မည်နည်း။

“lady first”ဟူသော ဦးစားပေး သဘောထားကြီးမှု့ကို အမျိုးသားများသာ ပြသခဲ့သည်မဟုတ်ပါလော။ တကယ် တော့ အမျိုးသမီးများကို ဦးစားမပေးမိသော အမျိုးသားတချို့ကို ဘာညာကွိကွ ပြောချင်သော အမျိုးသမီးတို့ပင် အမျိုး သားတို့၏ အခွင့်အသာပေးမှု့ ကိုလိုလိုချင်ချင် ရှိကြောင်းပြကြလေ၏ အားလုံးကိုခြုံငုံ ကြည့်လိုက်ပါက တဖတ်သတ် ဖြစ်နေရာရောက်နိုင် သော်လည်းအမျိုးသမီးထု လက်ခံရမယ့်အချက်များ များပြားလှပါသည်။ သ ဘာဝတရားအရ ဖြစ်ဖြစ်လက်တွေ့အရ ဖြစ်ဖြစ်အမျိုးသားတို့ နှင့်ရာနှုန်းပြည့် ရင်ဘောင်တန်းနိုင်ရေးမှာ မလွယ် လှသေးပေ။ အမျိုးသားတို့၏ နားလည်မှု့ပြည့်ဝကာ သဘောထားကြီးနိုင်ပါမှ အမျိုးသမီးတို့ အတွက်အခွင့်ရေး များပေါ်ပေါက် လာနိုင်ပေသည်မှာ အမှန်ပင်ဖြစ်လေ၏

အချုပ်အားဖြင့်ဆိုသော် လောကကြီးတွင် အမျိုးသမီးများ၏ အားကိုးရာမှာ အမျိုးသားပင်ဖြစ်သည်။ အားနည်း သောမိန်းမသား များကိုနားလည်မှု့ အပြည့်ပေးကာ တန်းတူအခွင့်ရေး ပေးလာသော အမျိုးသားတို့သည်သာ အမျိုးသမီးများထက် နိုင်ငံကြီးသားပီသပေသည်။ မြန်မာဆိုရိုးစကားတခု သိကြပေလိမ့်မည်။ “မိန်းမမာယာ သဲ ကိုးဖြာ” ဆိုသောအဆိုစကား ပင်ဖြစ်သည်။ “မိန်းမတို့မာယာအား သဲကိုးဖြာဖြင့် ဘောင်ကွပ်အနား သတ်ထား၏ ယောင်္ကျားသားတို့၏ မာယာကားမိန်းမတို့ထက် အတိုင်းထက်အလွန် သာလှသောကြောင့် မည်သည့်စကားလုံး အဆိုမှမရှိပေကြောင်း သတိချပ်သင့်ပေ၏ မာယာဆိုသည်မှာ ကြံရည်ဖန်ရည် ရှိခြင်းတမျိုးပင် မဟုတ်ပါလော။

ယနေ့ခေတ်ယောင်္ကျားတို့ စိတ်ဓာတ်တွေ အနည်းကျဉ်းပျက်စီး နေခြင်းသည်လည်း မိန်းမတို့ပယောဂ မကင်းဟု မြင်မိပါသည်။ အမျိုးသမီးတို့ အားကိုးရှာပုံကို မြင်နိုင်ပေသည်။ လောကမှာ အမျိုးသမီးတို့ မည်သို့အားကိုးရှာပုံကို တွေ့နိုင်သည်မှာ အမျိုးသားတို့အား ၄င်းကောင်းတို့ စံထားရွေးချယ်မှု့ပင်တည်း။ အမျိုးသားထုကြားတွင် အချစ် မေတ္တာအကြင်နာတွေကို ဘေးချိတ်ထားကာ စည်းစိမ်ဥစ္စာ ချမ်းသာသော အမျိုးသားသာလျှင် ဘဝအာမခံချက် ရှိသည်ဟု တွေးမြင်ကြကာ ရွေးချယ်ပြီး လက်တွဲကြသည်။ အမျိုးသမီးထု၏ ၇၅%လောက်ပင်။ ထို၇၅%နှုန်းသော အမျိုးသမီးတို့ မမှားပေ။ လောကတွင် ကြုံတွေ့လိမ့် ရှိလေသော လောကအခက်ခဲ ပြသာနာများကို စည်းစိမ်ဥစ္စာ တို့ကသာလျှင် ဖြေရှင်းနိုင်သည် မဟုတ်ပေလော။ သို့ကြောင့်၇၅%နှုန်းသော အမျိုးသမီးထု မမှားပေ။ သို့သော် ဓနဥစ္စချို့တဲ့ လေသောအမျိုးသားတို့အတွက် ထိနာလှလေသည်။ ဥစ္စာရှိသော အမျိုးသားတို့သည်လည်း တွေးလာ ကြလေသည်။ အသို့တွေးကြလေသနည်း ဥစ္စာနည်းပါး၍ အရွေးမခံရသော အမျိုးသားတို့ကား ဥစ္စာကိုအားသွန်ရှာ ကြတော့သည်။ ဥစ္စာများပြားလေသောအခါ “မိန်းမဆိုသည်မှာ ငွေနောက်ပါ” ဟုတွေးချင်ပြောချင် လာကြတော့ ၏ တန်ဖိုးမထားချင် ဖြစ်လာလေ၏ သို့ကြောင့် လောကတွင် မိန်းမတို့သည် ရှိစကောင်း မရှိစကောင်းဟု ဆိုကြ ခြင်းဖြစ်ပေမည်။

ရှေးကာလကျောက်ခေတ် တွင်အမျိုးသားတို့ အမဲလိုက်စားသောက်ကြသည်။ အမဲလိုက်တော်သူ အသားငါးရှာ နိုင်သူတွင် အစာရိက္ခာများလှသည်။ သို့ကြောင့်အားနည်းသော အမျိုးသမီးတို့အတွက် ထိုသူတို့အားကိုးရာ ဖြစ်ခဲ့ သည်။ အမဲလိုက်မတော်လေသော အမျိုးသားတို့ကား အဖော်မဲ့ရှာ၏ ထိုအခါအမဲရိက္ခာ များများရအောင် ကြိုးစား ကြသည်။ ကြိုးစားသလို ဖြစ်လာသောအခါ၌ကား အမျိုးသမီးတို့၏ ဟီးရိုးဖြစ်လာချေပြီ။ ထိုအခါတွင် ထိုအမျိုး သားတို့အဖို့ အမျိုးသမီးများသည် တန်ဖိုးမဲ့ဖြစ်လေတော့သည်။ ယနေ့ခေတ်ထိတိုင်အောင် ထိုစက်ဝိုင်းကား လည်နေပတ်နေတုန်းပင်။ နောက်တွင်လဲ အမျိုးသားများကို အားကိုးရှာနေဦးမည်မှာ အမျိုးသမီးများသာဖြစ်လေ သည်။ ဤတွင်လောကနှင့် မိန်းမပြီး၏

ကျေးဇူးတင်ပါသည်။ အမျိုးသားများဖတ်ပြီး အားပေးကြကုန်လော့ အမျိုးသမီးများဖတ်ပြီး ဝိုင်းဝန်းရန်တွေ့ နိုင်ပေ သည်။ ဤပို့စ်ရေးပြီး ကျွန်တော်မောင်ဘကြိုင် ရှောင်လင်သိုင်းပညာ လျို့ဝှက်ကျင့်နေကြောင်း အားလုံးကိုအသိ ပေးပါသည်။ ထိပ်တန်းအဆင့်ဖြစ်လို့ အာရုံများ၍မဖြစ်ပေ။ သို့ကြောင့်လူသူ ကင်းဝေးရာ အရပ်တွင်ဂူအောင်း ကျင့်နေပါသည်။ ရန်တွေ့ချင်ပါသော အမျိုးသမီးထု မရှာကြကုန်နှင့် မောရုံသာရှိချေမည်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

မောင်ဘကြိုင်ကို ပျော်ရွင်စေသောအရာများ

Nov 10th, 2009 Posted in စာတိုပေစ | 4 Comments »

(၁) မိသားစု

မိဘနှစ်ပါးနှင့် ညီမနှစ်ယောက်ကို ပိုင်ဆိုင်တဲ့  ကျွန်တော်အရမ်းပဲ ပျော်ပါတယ် ပြီးတော့ကလေးဘဝ ကတည်း ကနေပြီး အစစအရာအရာ လူရာသွင်းပြီး ဘာလုပ်လုပ် အသိပေးမေးမြန်း တိုင်ပင်တတ်တဲ့ အဖေနဲ့အမေကို ပိုင် ဆိုင်ခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်ပြီး ပျော်ရွင်ရပါတယ်

(၂) အောင်မြင်မှု့

ဘဝလမ်းမှာ ကြံကြံခိုင်ပြီး အကောင်းမြင်တတ်ဖို့ သင်ပေးညွန်ပေးခဲ့တဲ့ မိဘဆရာသမား ကျေးဇူးကြောင့် ကျွန်တော် ပျော့ညံတဲ့စိတ်ကို အောင်မြင်ခဲ့ပါတယ် လုပ်သမျှအလုပ်ကို အောင်မြင်အောင်လုပ်တတ်ပါတယ် မ လုပ်ရင်မလုပ်ဖူး လုပ်ရင်ပီပြင်အောင် လုပ်ဆိုတဲ့အတွေး ခေါင်းထဲထည့်ထားပြီး “မြန်မာ့ရိုးရာ ကစားစရာလေး ဖြစ်တဲ့ ပစ်တိုင်းထောင်လေး” လိုကျင့်နေရမယ်ဆိုတဲ့ အသိကိုလက်ခံထားပါတယ်

(၃) စိန်ခေါ်မှု့

ဘဝဆိုတာ ကျွန်တော့်အတွက် စိန်ခေါ်မှု့အကြီးစားပါပဲ အရှုံးဘယ်တော့မှ မပေးပါဖူး ကျွန်တော်ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ်

(၄) အလုပ်

ကျွန်တော့်ဘဝကို ၁၆နှစ်မပြည့်ခင်က စလို့အလုပ်နဲ့စခဲ့တာပါ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့စကားက တောက် တိုမယ်ရလုပ်နေတဲ့ ကျွန်တော့်အတွက်အားဆေးပါ အလုပ်လုပ်နေရမှ ပျော်တတ်တဲ့ ကျွန်တော့်အတွက် အလုပ် ကပျော်ရွင်စေပါတယ်

(၅) အင်တာနက်

အင်တာနက်သုံးနေရရင် အတိုင်းမသိပျော်ပါတယ် မနက်မိုးလင်းရင် စက်ဖွင့်နက်ချိတ်ပြီး လုပ်စရာရှိတာဆက် လုပ်ပါတယ် အင်တာနက်ဟာ ကျွန်တော့်အတွက် အံ့သြဘနန်းဖြစ်ရပါတယ် ရေခြားမြေခြား နယ်ခြားရွာခြားက သူငယ်ချင်းတွေနဲ့ အဆက်သွယ်ရတယ် ကျွန်တော့်သိချင်တာတွေ သိရတယ် အင်တာနက်သုံးနေရရင် တော် တော်လေးပျော်ပါတယ် ကျွန်တော့်ချစ်သူနဲ့လဲ အမြဲအဆက်သွယ်ရှိလို့ အတိုင်းမသိပျော်ရပါတယ် အင်တာနက် ကိုကျေးဇူးတင်ပါတယ် ဝါသနာပါတဲ့ စာရေးတာကိုလဲ အင်တာနက်ကြောင့် အကောင်ထည်ဖော်နိုင်ခဲ့ရပါတယ် အင်တာနက်ဟာ ကျွန်တော့်စိတ်ကိုပျော်ရွင်စေပါတယ်

(၆) ၂၄လျှပ်စစ်ဓတ်အား

၂၄နာရီမီးလာရင် အတိုင်းမသိပျော်ရွင်ပါတယ် လျှပ်စစ်မီးရှိမှ ကျွန်တော့်အတွက် အဆင်ပြေမှာမို့လို့ပါ မီး၂၄နာ ရီလာဖို့ ဆုတောင်းရင်း ၂၄နာရီမီးလာမယ့်အချိန် တွေးရင်းကျွန်တော်ပျော်ပါတယ်

(၇) မိတ်ဆွေသူငယ်ချင်း

မိတ်ဆွေသူငယ်ချင်း ပေါများတဲ့ ကျွန်တော်အမြဲပျော်ရွင်ရပါတယ် အစနောက်သန်တဲ့ ကျွန်တော်ကိုစိတ်မ ဆိုးတဲ့သူငယ်ချင်းတွေ ရှိနေတာအရမ်းပျော်ပါတယ် သူငယ်ချင်းတွေအားလုံးကို လှိုက်လှိုက်လှဲလှဲကို ခင်မင်ပါ တယ် မိတ်ဆွေသူငယ်ချင်းဆိုတာ အသက်ရှင်နေသမျှ ကာလပတ်လုံး မရှိမဖြစ်ပါ ကျွန်တော့်ကိုခင်မင်တဲ့ သူ ငယ်ချင်းတွေရှိလို့ အရမ်းပျော်ပါတယ် အွန်လိုင်းသူငယ်ချင်းတွေရော အပြင်ကသူငယ်ချင်းတွေရော အားလုံးဟာ ကျွန်တော့်သူငယ်ချင်းတွေပါ သူ့တို့ကြောင့်အရမ်းပဲ ပျော်ရွင်မိပါတယ်

ကျွန်တော့်ကိုပျော်ရွင်စေတဲ့ အကြောင်းလေးတွေပါ ဘလော့ဂါသူငယ်ချင်း “ကျွန်တော်” စိတ်ရူးပေါက်ရာများက နေတဂ်လာတဲ့ ပို့စ်လေးကို ရေးတတ်သလိုရေး လိုက်တာပါး) သူငယ်ချင်း “ကျွန်တော်”တယောက်ကျေနပ် နိုင်ပါ စေ…..

အိပ်မက်ရထား…………

Nov 8th, 2009 Posted in စာတိုပေစ | 1 Comment »

လေညင်းတချက်ဝှေ့ ဖြတ်တိုက်ခတ်လိုက်ရုံနဲ့  ဟားတိုက်ရယ်မောတတ်တဲ့ ခေါင်းလောင်းသံတချို့ကိုငါကြားနေ
ရ၏ ငါ့ မျက်လုံးပေါ်မှာအမြစ်တွယ်နေတဲ့  နှင်းဆီးဆူးနွယ်လေးတခက်….ပြီးတော့အက်ကြောင်းအသွယ်သွယ်နဲ့ 
ငါ့နှလုံးသား…ဘာကိုမှတထစ်ချသတ်မှတ်လို့ မရတဲ့  “ ဘဝ”ရဲ့ နောက်ကွယ်က ကန့် လန်ကာ….
ဘာကိုမှလည်းမမျှော်လင့်ရဲ့ခဲ့ ဖူး….တွေ့ စကတည်းက လောကကြီးကို ငါပြောပြိးသားပါ ငါဟာဘာမှမဟုတ်
တဲ့ အကြောင်းလေ…နှုတ်ပိတ်ထားတဲ့  ငါ့ နောက်ကျောမှာလက်သည်းရာတွေက ဗလဗွနဲ့ ပေါ့ …..
မျက်လုံးတဖတ်လပ်တွေနဲ့ အတ္တကိုဟန်ပါပါသုတ်ရင်း သူတို့ ကိုယ် သူတို့  သန့် ရှင်းတယ်ပြောနေကြပြန်တယ်
သူတို့ ကိုခေါင်းညိမ့် အပြ ငါခါချခဲ့ တဲ့  စကားလုံးအပုပ်အသိုးတွေက မြေကြီးပေါ်မှာပိုးလိုးပက်လက်…..

ငါ့ ရှေ့ မှာနေကညိုနေပြီ…..ရွှေအိုရောင်သစ်ရွက်တွေက တဖြုတ်ဖြုတ် နဲ့ ရွှေဘုတ်ငှက်တို့ အိမ်
အပြန်မှာ ရေထဲဖုန်ထခဲ့ ပြန်သည်။ ကျောက်စရစ်တွေပြန့် ကြဲလို့ ငါလျှောက်နေဆဲလမ်းက ကမောက်ကမ
လူရာမဝင်တဲ့  ဖိနပ်တဖက်က လမ်းခုလတ်တင် သဲကြိုးပြတ်ချင်နေပြီ….“ငါဘာလုပ်ရမှာလဲလောက”
သူတောင်းစားလွယ်အိတ်တလုံး ငါ့ ပခုံးပေါ်ကမခွာပြန်ဖူး….အသက်ကြီးကြီးလူကြီးတချို့ က သူတို့ သိက္ခာတွေ
အရောင်တင်ဖို့ အတွက်ညှိ့ စို့ စို့ ပါးစပ်တွေနဲ့ အချင်းချင်းပြုံးပြနေကြတယ်လေ….
အသက်သုံးဆယ်အရွယ်လူတယောက် လမ်းလျှောက်ရင်း လူတွေကိုခလုတ်ပြီးလဲနေ၏သူ့ 
လက်ထဲမှာနှင်းဆီတခက်ကိုင်လျက်…ငါ့ ကိုမြင်တော့  သူမျက်လုံးတွေကို အတင်းမှိတ်ထားသည်။တစုံတခုကိုမြင်
တွေ့ သွားမှာစိုးသည့် ပုံစံ…သူ့ အနားသွားပြီးစကားတခွန်းမေးမိသည်။“လူတွေမှာ လျို့ ဝှက်ချက်ရှိသလား”
ဆိုတော့  သူမှာဘာလျို့ ဝှက်ချက်မှရှိဖူးတဲ့ စကားဖြတ်ပြီးလှည့် အထွက် တစုံတခုကျကျန်ခဲ့ သည်။
လိုက်မပေးလိုတော့ပါဖူးးးးးးးငါ့ လွယ်အိတ်ရဲ့ အဖာထေးလွတ်တဲ့ တနေရာမှာသိမ်းထားလိုက်သည်။ပေကပ်
ကပ်လိပ်တကောင်ကမျက်ချီးတွင်းထဲကနေ ငါ့ ကိုလှမ်းပြောင်လိုက်သေးသည်။
ထိတ်တလန့် ထိုးဟောင်လိုက်တဲ့  ခပ်မိုက်မိုက်ခွေးတကောင်ကိုပြိုင်ကိုက်ဖို့ တောင်ကြံလိုက်သေးတယ်….
လမ်းတေလေတွေက “ အရူး”တဲ့  လှမ်းအော်လိုက်တော့  “အင်း…အားလုံးရူးတတ်တာပဲ”လို့ တွေးမိသည်။
ညဉ့် နက်ပါပြီဆိုမှ ရွှေလ ကအခုထိအလည်မလာသေး ….ဘဝကမဟူရာဆင်းနဲ့  ….ငါ့ ရဲ့ မာနဖျာလိပ်
လေးခင်းပြီးအိပ်စက်ခြင်းနဲ့ စကားစမြည်းပြောဖို့ ငါ့ မျက်လုံးကိုမှိတ်မယ်ကြံတိုင်းနှင်းဆီဆူးတွေမျက်ခွံကြား
မှာကန့် လန့် ခံနေပြန်သည်။လေးတွဲတွဲအိပ်မက်ရထားက သံလမ်းပေါ်ပျင်းသွဲ့ သွဲ့ တဝါးဝါးသန်းလိုက်ပြီး
အိပ်ချင်မူးတူးနဲ့ တရူးထိုးသူအထွက် မျက်လုံးဖွင့် လျှက် ငါတက်လိုက်ခဲ့ ၏
ဗလာလွင်ပြင်ကျယ်ကြီးကို အော်ဟစ်မာန်သွင်းပြီးမောင်းဖြတ်နေတဲ့ အိပ်မက်ရထားကိုတော့ ကိုယ်
ချင်းစာမိလိုက်သေးရဲ့ …………….
ခရီးဆုံးမှာ ငါ့ ဖဝါးတွေအက်ကွဲခဲ့ လို့  အိုအေစစ်လေးကိုတမ်းတမိတယ်
မင်းရော ကန္တရ အလယ်မှာပဲလား ဝေးကွာခြင်းဆိုတဲ့ မိုင်ပေါင်းများစွာက ငါ့ ကို နင်နဲ့ ခြားနားထားတယ်
မိုးပေါ်ကငှက်လေးရေ အတောင်တစုံခဏငှားပြီး ငါ့ ကတိ တည်မတည်ဆိုတာ နင်စမ်းသပ်ပါ….
တောင်ကတုံးတွေကြောင့်  စိမ်းစိုစိုအရိပ်ကို တသသဖြစ်ရပြန်တယ် မျက်လုံးထဲမစိမ်းလန်းတာကြာပါ့ 
သြော်…..တို့ လောကကြီးတယ်လည်းပူလောင်ပါလား….
ကမ္ဘာကြီးငြိမ်းချမ်းပါစေလို့  ဆုတောင်းဖို့ ကြံရင်းအထိုင်………နားထဲအလည်လာတဲ့  အပိုတွေပါ
ဆိုတဲ့  လေသံဝေဖန်ကြောင့်  ထထိုင်ဖြစ်တယ်………..ဂျက်လီ ကသူပြထားတဲ့ အကွက်ထုတ်သုံးသင့် တယ်
လို့ အကြံပေးလာတယ်…………အင်း ဒီနေရာမှာရှောင်လင်အကွက်ကအသုံးတည့် မှာပါလေ
ဘဝလမ်းလျှောက်ရင်း ငါ့ အဖာထေးလွယ်အိတ်က ပိုဖောင်းပိုလေးလို့  အသိညဏ်ကဝေဝေဝါးးးး
ဝင်ရိုးစွန်းမှာတွေ့ တဲ့  ဘင်ကီမွန်းက ငါ့ ထက်အလုပ်များသူ က မင်းပဲတဲ့  လက်ညိုးငေါက်ငေါက်ထိုး
ပြောလွှတ်ပြန်တယ်….ခေါင်းမော့ ရင်ကော့ ပြီး သူတောင်းစားလွယ်အိတ်အားကိုးနဲ့  ………………………………
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။ ။အိပ်ရာကလန့် နိုးလာတော့ တကိုယ်လုံးချွေးတွေရွဲလို့ …အိပ်မက်ရထားရပ်တန့် ခဲ့ ပြီကိုး
ပြန်အိပ်ရင်ကောင်းမလားစဉ်းစားရင်းးးးးးးးးးးးးးးးးးးးးးးးးးးး

မောင်ဘကြိုင်

“အွန်လိုင်းစာပေလောက”

Oct 28th, 2009 Posted in စာတိုပေစ | 1 Comment »
ရင်ထဲကခံစား ချက်အသံတချို့ကို ဖွင့်ဟထုတ်ပြချင်သူတွေအတွက်တော့ဝက်ဘ်ဆိုက်တွေဘလော့တွေကထွက် ပေါက်တခုအနေနဲ့ တော်တော်လေးကို အသုံးကျပါတယ် “နှုတ်တစ်ရာစာတလုံး” ဆိုသလို ရေးသမျှစာတွေက ကိုယ့် ခံစားချက်အမျိုးမျိုးကို ထုဆစ်ပုံဖောနိုင်ခဲ့ ကြပါတယ် အင်တာနက်တွေ ဝက်ဘ်ဆိုက်တွေ ဘလော့တွေ မသုံးနိုင်တဲ့ အချိန်တုန်းကဆိုရင် ကိုယ့်ခံစားချက်တွေ ကိုရေငုံနှုတ်ပိတ်ပြီး ခေါင်းအုံးအောက်က ဒိုင်ယာရီလေးကို သာအသိပေး ဖြစ်ခဲ့ကြပါတယ် ကဗျာတွေ စာတွေရေးဖို့ ဝါသနာပါသူတွေ အနေနဲ့ကတော့ ကိုယ့်ကဗျာတွေ ကိုယ့်စာတိုပေစ လေး တွေကိုဖော်ထုတ် ပြသချင်တော့ စာပေလောကထဲမှာ ရှင်သန်နိုင်အောင် ဇွဲနပဲကြီးမားစွာ ကြိုးစားခဲ့ကြပါတယ် အောင်မြင်သူတွေ ရှိခဲ့သလို မအောင်မြင်ပဲ ခေါင်းငိုက်စိုက်ချလို့ စာပေစည်းဝိုင်းအပြင် ကနေရပ်ငေးကြည့် နေရတဲ့ သူတွေလဲရှိခဲ့ကြတယ် မဂ္ဂဇင်းတွေ စာစောင်တွေ မှာကိုယ့်စာတပုဒ် ပါဖို့ဆိုတာ တော်တော်လေးခဲယဉ်း လှပါတယ် နေပူမိုးရွာထဲ ဖိနပ်ပါးအောင် စာအုပ်ဝေသူတွေဆီ ချီတက်ခဲ့တဲ့ သူတွေရှိသလို အခုထိလဲရှိနေဆဲပါ ဝါသနာအိပ်မက်တွေကို ပုံဖော်နိုင်အောင်အတွက်ပေါ့ တချို့ကလဲဝါသနာ အရစာတိုပေစ ရေးသားဖွဲ့နွဲ့ချင် ပေမယ့်လျှောက်ရတဲ့ ဘဝလမ်းအရ ငေးကြည့်ရုံသာ အခွင့်ရေးရခဲ့ကြတယ် အခုလိုအင်တာနက်မှာ ဝက်ဘ်ဆိုက်တွေ ဘလော့တွေ ဖန်တီးနိုင်ပြီး စာတွေကဗျာတွေ ရေးသားနိုင်တဲ့ အချိန်မှာ တော့“ပါရမီရှင်” မဟုတ်တဲ့ ဝါသနာရှင်တွေ အတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်လာခဲ့ပါတယ် လူတိုင်းမှာခံစား ချက်ကိုယ်စီရှိပြီး အရည်သွေးကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် “ကျောက်ဖြစ်တာခြင်းတူတူ တန်ဖိုးချင်းကွာသလို” ပဲ အရေးသား သုတရသ ပေးနိုင်စွမ်းခြင်းလဲ ကွာကြပါတယ် ဘလော့ရေးသူတွေ မှာလဲကွဲပြားမှု့တွေ ရှိကြပါ တယ် တချို့ကအရေးသား မကောင်းကြဖူး ဒါပေမယ့် ဝါသနာအိပ်မက်တွေ ကိုပုံဖော်သူအချင်းချင်း နားလည် အားပေးမိပါတယ် အရေးသားကောင်းပြီး ရသသုတပေးနိုင်စွမ်း ရှိသူတွေရဲ့ ဘလော့မှာစာတွေ ဖတ်ရင်းလေးစား အားကျပြီးတုပ နည်းနာယူမိပါတယ် ဝါသနာတူစာပေချစ်သူ အချင်းချင်းဖေးမ ရိုးပင်းမိပေမယ့် ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို စာပေသူခိုးတွေကိုတော့ စိတ်ပျက်မိတယ် ရှုတ်ချမိတယ် သူ့များစာကိုကိုယ့်စာ လုပ်ပစ် တာဟာ စာပေသမားမပီသ သလိုကယောင်ကတမ်း အိပ်မက်မက်ချင်သူတယောက် နဲ့တူနေပါတယ် ပြင်ပ မဂ္ဂဇင်းတွေ ဝတ္ထုတွေစာစောင် တွေမှာ စီစစ်ဆုံးဖြတ်ရွေးချယ်တဲ့ အယ်တီတာတွေရှိပေမယ့် အွန်လိုင်းစာပေ လောကမှာတော့ မရှိပါဖူး စာဖတ်ဝါသနာပါသလို စာရေးဝါသနာပါသူတွေ အတွက်တော့ ဝက်ဘ်ဆိုက်တွေ ဘလော့တွေက အကျိုးရှိလှတယ် စာရေးဆရာကြီးတွေ လိုအရေးသားမကောင်းပေမယ့် သုတရသမပေးနိုင် ပေမယ့် အတိုင်းတာတခုထိပေးစွမ်း နိုင်စွမ်းရှိကြတဲ့ အွန်လိုင်းစာရေးသူတွေကို လေးစားမိပါတယ် ကိုယ်ပိုင် ဘလော့တွေဟာ သူ့တို့ရဲ့စာစောင်တွေ မဂ္ဂဇင်းတွေပါပဲ သတ္တိသွေးကြောင်တဲ့ လူတချို့ကတော့ သူတို့ရဲ့စိတ် ဓတ်တွေကို အင်တာနက်မှာ ဖော်ပြတတ်ကြတယ် ဘလော့တွေဖန်တီးပြီး တခြားဘလော့ဂါ တွေကိုတိုက်ခိုက် ဝေဖန်ကြတယ် မိုက်ရိုင်းတဲ့အသုံးနှုန်း စာလုံးတွေနဲ့ အပြစ်တွေလုပ်ကြတယ် သူများဘလော့တွေ လျှောက်လည် ပတ်ပြီး မဲ့ရွဲ့ဝေဖန်ကြပါတယ် ထူးဆန်းသလိုအံသြမိပါတယ် အပြင်စာပေလောကနဲ့ အွန်လိုင်းစာပေလောက ကွဲပြားတာက စီစစ်မှု့လိုထင်ပါတယ် ဝါသနာရှင်တွေဖြစ်သည့် အလျှောက်လိုအပ်ချက် ရှိနေကြတာတော့ အမှန် ပဲဖြစ်ပါတယ် ဒါပေမယ့် “ပြီးပြည့်စုံတဲ့လူ” ဆိုတာလောကမှာမရှိနိုင်ပါဖူး နားလည်ပေးပြီးဝေမျှ ခံစားပေးဖို့မခဲ ယဉ်းပါဖူး တချို့ဘလော့တွေဆိုရင် တော်တော်လေးလူကြိုက်များ ကြပါတယ် တချို့မထင်မရှားဘလော့လေး တွေကြတော့ လည်ပတ်သူအင်မတန်နည်းပါတယ် ဒါတွေဟာကွဲပြားခြားနားမှု့ တွေဖြစ်သွားတယ် ဒါပေမယ့်လို့ ကိုယ့်ခံစားချက် ယူဆချက်လေးတွေ ကိုတင်ပြသူအချင်းချင်း အားပေးမိပါတယ်

“အွန်လိုင်းစာပေလောက” ကိုဆန်းစစ်တွေးမြင်မိခြင်းဖြစ်ပါတယ် မောင်ဘကြိုင်လဲ သူများတဂ်တာကို အားကျပြီး သွားလည်နေကျ အိမ်ပိုင်ရှင်တွေကို တဂ်လိုက်ပါတယ်ဗျာ အားတဲ့အချိန်လေးမှာ “အွန်လိုင်းစာပေလောက” နာ မည်နဲ့ ဆန်းစစ်တွေးမြင်ပေးကြပါလို့
နေ့အိပ်မက်၊ တုသိသာနတ်ပြည်က အဖြူရောင်နတ်သမီးမမ၊ ဘကြိုင်သွားစိတ်ဖြေနေတဲ့ စိတ်၏ ဖြေရာ ၊ မိုးထက်အိမ်မှာနေတဲ့ ဒွေးလေးမေကျော်နဲ့ နန်းငယ်(နန်းလေပြေ)တို့ကို တဂ်ပါတယ်ခင်ဗျာ့

အော်….တော်သေးတယ်မေ့မလို့ “အငယ်လေး” ခေါ်တဲ့“လင်းငယ်”ရေ ကျောင်းလဲတက် စာလဲကြိုးစား တရား စာလဲဖတ် အားတဲ့အချိန်မှာ “အွန်လိုင်းစာပေလောက” ခေါင်းစဉ်လေးနဲ့ ရေးပေးပါအုံးလို့ တဂ်လိုက်ပါတယ်

အားလုံးမေတ္တာ ပို့ကြပါကုန်လော့ သာဓု(၃)ကြိမ်ခေါ်ဆိုရင်း ခင်မင်စွာဖြင့် မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)

ကိုယ့်ယုံကြည်ရာ

Oct 27th, 2009 Posted in စာတိုပေစ | 1 Comment »
ကိုယ့်ယုံကြည်ရာကို လူတိုင်းအလံလွင့်ထူ တတ်သလို ကျွန်တော်လဲ ကျွန်တော့ယုံကြည်ရာကို လွင့်တင်ပါရစေ လောကကြီးမှာ သတ္တဝါတိုင်းအတ္တကိုယ်စီ အနည်းများအလိုက် ပိုင်ဆိုင်ကြတယ် အဲဒီအတ္တမှာ ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ့်ယုံကြည်ရာကိုယ်စီကိုယ်ငှရှိကြတယ် ဘာသာရေးလူမှု့ရေးနယ်ပယ် အသီးသီးမှာ ကိုယ်ပိုင်ယုံကြည်ရာကို တည်ဆောက်ကြတယ် ကျွန်တော်ကတော့ လူသားဘုရားမြတ်ဗုဒ္ဓကို အကြွင်းမဲ့ယုံကြည် ကိုးကွယ်ပါတယ် ဗုဒ္ဓရဲ့ တရားဓမ္မကိုယုံကြည်ပြီး ဗုဒ္ဓရဲ့အရိပ်ဖြစ်တဲ့ သံဃာကို ကိုးကွယ်ဆည်းကပ်ပါတယ် လူသားတယောက်ဖြစ်တဲ့ ကျွန် တော်ဟာ လူသားပီပီ အတ္တနဲ့မာနတရား အထိုက်အလျောက်ရှိပါတယ် ဒီအတ္တနဲ့မာနကို နည်းသထက်နည်းအောင် ဖိနှိပ်ချိုးနှိမ်နိုင်မယ့် လို့ယုံကြည်ပါတယ် ကျွန်တော်ယုံကြည်သလိုပဲ ကြိုးစားပြီးကိုယ့်ကိုယ်ကို အမြဲနှိပ်ချပါတယ် လူသားတွေရော တိရစ္ဆာန်တွေကိုပါ ကိုယ်ချင်းစာတရားလက်ကိုင် ထားလို့ ရိုကျိုးခင်မင်ပါတယ် ကျွန်တော်ကံကံ၏ အကျိုးကိုယုံကြည်ပါတယ် ကံတူအကျိုးပေးဘဝတူ တွေကိုလေးစားပါတယ် ကျွန်တော့်ဘဝလမ်းကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မယ်လို့ယုံကြည်ပါတယ် ခဏ တာစိတ်အမှောင်ဖုံးလို့ မမြင်လိုက်ရတဲ့ အမြင်ကိုစိတ်အလင်းဆောင်ပြီးမြင်ရတဲ့အခါ ကျွန်တော်ယုံယုံ ကြည်ကြည်မြင်တတ်တယ် ဒါပေမယ့်မျက်ကန်းတစ္ဆေ ကိုယ်ယုံကြည်ရာ မဖြစ်ဖို့ “အပ္ပမာဒ”တရားကိုကြိုးစား အလေးထားပါတယ် ကိုယ့်ယုံကြည်ခြင်းများစွာ ထဲကအကောင်းအဆိုး ခွဲဖြာနိုင်စွမ်းရှိအောင်ကြိုးစားပါတယ် သူတပါးယုံကြည်ရာကို မျက်ကွယ်မပြုမိအောင် ကြိုးစားပါတယ် ကျွန်တော့မိဘနှစ်ပါးကို ယုံကြည်ပါတယ် ညီကို မောင်နှမများကိုယုံကြည်ပါတယ် မိတ်ဆွေသူငယ်ချင်းအပေါင်းကို ယုံကြည်ပါတယ် ကျွန်တော့ချစ်သူကိုလဲယုံ ကြည်ပါတယ် ကျွန်တော့ယုံကြည်ခြင်းတွေ ပြိုပျက်စီးသွားတဲ့တနေ့မှာတောင် ကျွန်တော့ကံဆိုးခြင်းကို ယုံကြည် မှာပါလက်ခံနိုင်အောင်ကြိုးစားပါမယ်မတည်မြဲတဲ့လောကြီးမှာစိတ်အညစ်ကြေးနည်းဖို့ကြိုးစားရင် အပြစ်တွေနည်း မယ်လို့လဲယုံကြည်ပါတယ် လူတိုင်းမှာမေတ္တာစိတ်ရှိတယ်ဆိုတာ ယုံကြည်ပါတယ် အမှောင်ဖုံးပြီးမေတ္တာစိတ် ကင်းနေပေမယ့် တနေ့တချိန်မှာ သတိသံဝေဂရလို့ မေတ္တာစိတ်နိုးကြားနိုင်တယ်ဆိုတာ ယုံကြည်ပါတယ် သေ ဆုံးခြင်းနဲ့မွေးဖွားခြင်းကြားက လက်ရှိအချိန်ကာလတိုလေးကို အအေးချမ်းဆုံးကျော်ဖြတ် နိုင်မယ်လို့ယုံကြည်ပါ တယ် ကိုယ့်ယုံကြည်ရာတွေကိုအကောင်းဆုံးဖန်တီးနိုင်မယ် လို့လဲယုံကြည်ပါတယ်……………………………………………… ဒွေးလေးမေကျော်တဂ်လိုက်တဲ့ “ကိုယ့်ယုံကြည်ရာ”က နေ့အိပ်မက်ဆီကနေ့မောင်ဘကြိုင်ဆီမျက်စိလည်လမ်း မှားရောက်လာလို့ မောင်ဘကြိုင်ရဲ့ ယုံကြည်ရာကို ချရေးလိုက်တာပါ လွဲနေကျအတိုင်းလွဲခဲ့သော်နားလည်ကြ စေကုန်သတည်း…………………ဘကြိုင်(ချဉ်ပေါင်ခြံ)

Gtalk အစား Blog ပါ့လား

Oct 25th, 2009 Posted in စာတိုပေစ | 7 Comments »

မောင်ဘကြိုင်ကို အရေးတယူးတဂ်လာရှာတယ် “ဟိုက်”ဆိုပြီး ခေါင်းခြောက်သွားလို့ မသိချင်ယောင်ဆောင် နေသေးတယ် ဘင်ကီမွန်းထက်အလုပ်ရှုပ်နေတတ်တဲ့ ဘကြိုင်ပီသအောင်လို့လေ နောက်မှသြော် အရေးတယူ တဂ်လာတဲ့ ဒွေးလေးမေကျော် စိတ်ပျက်သွားရင် မကောင်းပါဖူးလို့ တွေးမိတယ်လေ သူပေးထားတဲ့ မုန့်ဖိုးငါး ထောင်တန်တရွက်ရဲ့ မျက်နှာရှိသေးတာကိုး ဒါပေမယ့်လဲ “ထိုင်နေတာအကောင်း ထသွားမှအကျိုး” ဖြစ်နေမှာ လဲစိုးမိတယ် ဒါကြောင့်လဲ ရေးလိုက်ကာမှ လွဲချက်ရယ်နာဖြစ်သွားရင်လဲ ကြိုတောင်းပန်တယ်နော် ဒွေးလေးအ မှားရှိပါက ခွင့်လွှတ်မြဲခွင့်လွှတ်ပါ မုန့်ဖိုးလဲပေးမြဲပေးပါနော်

Gtalkဆိုလို့ ပြောရအုံးမယ် ဆယ်ကျော်သက်လေးတွေမှ မဟုတ်ပါဖူး နှစ်ဆယ်ကျော်သက် သုံးဆယ်ကျော် သက် တွေလဲ ဂျီတော့နဲ့မကင်းပါဖူး ဂျီတော့ဆိုတာက “သုံးတတ်ရင်တော့ အကျိုးရှိပါတယ် မသုံးတတ်ရင်တော့ အဆိုး ဖြစ်သွားရောလေ အချိန်ကုန်ပြီး ငွေကုန်တယ် ပြသာနာတွေပါရှုပ်လာတယ် ရပ်ဝေးမြေခြားက သူငယ်ချင်းတွေနဲ့ အဆက်သွယ်ရဖို့ ဂျီတော့ကိုကနေ့ထိ သုံးလာတာတစ်နှစ် ရှိနေပြီအသုံးကျလှတယ် ကျေးဇူးပါဂျီတော့ရေ ဟိုရက် ပိုင်းက စင်္ကာပူကသူငယ်ချင်း တယောက်က “မိုးလင်းသွားတယ်ကွာ”တဲ့ ဘာကြောင့်ပါလိမ့်လို့ “ကောင်မလေး တယောက်နဲ့ကျူနေလို့” တဲ့ကြားမိတော့ ပြုံးမိတယ်သူတို့နှစ်ယောက်စလုံးအတွက် သြော်အချိန်တွေပိုနေရှာကြ တယ်လို့ အဲဒီသူငယ်ချင်းက စေ့စပ်ထားတဲ့ ချစ်သူရှိပြီးသားလေ တဖက်ကကောင်မလေး ကတော့မသိဖူး သြော် အချိန်တွေပိုနေရှာတယ် ထင်ပါရဲ့ဗျာ ဘကြိုင်တို့များ အချိန်တွေမလောက်လို့ ညစ်နေတယ်ဗျာ ဂျီတော့သုံးနေ တဲ့ လူ(၁၀၀)ရှိတယ် ဆိုပါစို့ (၉၀)လောက်က လူငယ်စကားနဲ့ဆို အကျူဇယား ဆိုပါတော့ဒီလိုသတ်မှတ်တာ လွန်တယ်တော့ မထင်လိုက်ပါနဲ့ သူငယ်ချင်းတို့ရေ အင်တာနက်ဆိုင်များရောက်ရင် မျက်လုံးဝေ့ကြည့်ပါ ချပ် တင်းထိုင်နေတဲ့ ကလေးကအစ လူကြီးအဆုံးဆိုင်အပြည့် တွေ့မြင်နိုင်ပါတယ် ကွန်ပျုတာမျက်နှာပြင် ကြည့်လို့ တွတ်ထိုးလိုက် ပြုံးစိစိဖြစ်လိုက် စာရိုက်လိုက်အလုပ်ကို ဖြစ်နေတာပဲလေ ဆိုက်တခုခုမှာ သတင်းဖတ်နေတာစာ ဖတ်စာရေးနေတာ Blogတခုဆောက်ပြီး ကိုယ်ရေးချင်တာလေးရေး ဆွေးနွေးချင်တာလေးရေး ဖြစ်သင့်တယ် ထင်တယ် ကိုယ်တိုင်မရေးဖြစ်တောင်မှ သူများရေးတဲ့ စာတွေပေတွေကို ဖတ်မှတ်သင့်တယ် ဝေဖန်သုံးသပ်ဆွေး နွေးသင့်တယ် ချပ်တင်းထိုင်နေမယ့်အစားပေါ့ တခြားဝက်ဘ်ဆိုက်တွေလဲ ရှိပါတယ်။ ဗဟုသုတရှာမှီးလို့ ရတဲ့ ဆိုက်တွေဘလော့တွေ တပုံတခေါင်းပါ အဖိုးတန်အချိန်တွေကို ချပ်တင်းထိုင်ပြီး ကုန်ဆုံးစေတဲ့သူတချို့ကို ပြော ချင်ပါတယ် တိုက်တွန်းချင်ပါတယ်။ အကျိုးရှိတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ပါလို့။ တစ်ချို့ကယောင်္ကျား လေးဖြစ်ပြီး မိန်းကလေးနာမည်နဲ့ ချပ်တင်းထိုင်ပါတယ် တချို့မိန်းကလေးတွေကလဲ ယောင်္ကျားလေးနာမည်နဲ့ ချပ်ကြတယ် အံ့သြတယ် ပြုံးမိတယ် အင်တာနက်သုံးတာ ချပ်တင်းထိုင်ဖို့ သပ်သပ်လား ထင်ရလောက်အောင်ကို ပါပဲ ဘကြိုင်ကရော မချပ်ဖူးလား မေးလာရင်တော့ “ဟုတ်ကဲ့ဗျ ချပ်ပါတယ် ဒါပေမယ့်အကျူဇယားတော့ ခင်းဖူး ဗျို့” ပြောပြရအုံးမယ် တနေ့ ပေါ့ဘကြိုင်ဂျီတော့ကို မိန်းကလေးတယောက် လာအက်ပါလေရောဗျာ လက်ခံ လိုက်တယ် စကားပြောကြတယ် ဘာညာကွိကွပေါ့ ခဏပြောပြီး ဘကြိုင်မပြောဖြစ်တော့ဖူး လုပ်စရာရှိတာလုပ် နေလိုက်တယ် ညနက်လို့အိပ်ခါနီးကျတော့ ဂျီတော့ပိတ်ခါနီးမှာ အွန်ထားတဲ့သူတွေကို နှုတ်ဆက်နေကျအတိုင်း နှုတ်ဆက်တယ် ခုဏကမိန်းကလေးကိုလဲ နှုတ်ဆက်တယ် “အိပ်တော့မယ်ဗျာ အိပ်သေးဖူးလားဘိုင်” လို့ ဘာပြန် ပြောတယ်ထင်လဲ “ယူ့ကိုအိပ်ရာခင်းပြီး စောင့်နေတာ အိပ်ဖို့”တဲ့ဗျာ “ဟိုက်”ခနဲ့ဖြစ်သွားတယ် ဘယ်လိုတုန်းဟ လို့ ခေါင်းထဲတောင် “ဒိန်း”ဆိုပြီးမြည်သွားတာပဲဗျာ အဲလိုနဲ့နောက်တော့ ဘကြိုင်မချပ်လဲ သူကချပ်တယ် မိန်းက လေးလို့မထင်ရဖူး ပြောတာတွေ စည်းလွတ်ဘောင်လွတ်တွေဗျ ရင်ခုန်နေတာ ဘာတွေတောင်လာလေရော လေ နောက်တော့ သူ့တွေ့ရင်လန့်လို့ မချပ်ဖူးအဲလိုနဲ့ တနေ့တော့ “အစ်ကိုလေးစားတယ်ဗျာ” တဲ့စာလေးတက် လာတယ် ဘကြိုင်လဲဘာလဲဟပေါ့ နောက်တော့ပြောပြပါတယ် ကျွန်တော့်ကယောင်္ကျားလေးဗျတဲ့ မိန်းကလေး နာမည်နဲ့ လျှောက်ချပ်နေတာတဲ့ အစ်ကိုတယောက်ကိုပဲကြုံဖူးတယ်တဲ့ ဒီလောက်ရေလာမြောင်းပေး ပြောဆိုနေ တာတောင် ဘာမှမထူးဖူးတဲ့လေ ဘကြိုင်ကတော့ စိတ်ထဲဘဝင် နည်းနည်းမြင့်သွားတာပေါ့ ဘာလို့အဲလိုလုပ် တာတုန်းမေးတော့ ပျင်းလို့ဗျာတဲ့ အင်တာနက်ဆိုင်ဖွင့်ရင်း အဲလိုလျှောက်နောက်နေတာတဲ့လေ သြော်ဂလိုလဲ ရှိ ပါလားလို့တွေးမိတယ် အဲသလိုချပ်တင်းလောက ကိုဘယ်လိုယုံရမှန်းသိဖူး အင်တာနက်သုံးတတ်စက အားက စားသတင်းတွေဖတ်တယ် ဘာညာကွိကွသတင်းတွေဖတ်တယ် နောက်တော့မြန်မာ ဘလော့ဂါတွေရဲ့ ဘလော့ တွေရောက်တယ် စာတွေဖတ်ရင်း ကိုယ်လဲဘလော့လေးဆောက်ချင်လာတယ် အရင်တုန်းကတော့ ဆိုက်တွေ မှာဟိုရေးဒီရေးပေါ့လေ နောက်တော့လင်းငယ်ဘလော့ ကိုလည်ရင်းဘလော့တခုဆောက်ပြီး ရေးဖြစ်ခဲ့တယ် တော်တော်များများကို လင်းငယ်ကသင်ပေးခဲ့တာပါ ဘကြိုင်ကဘာမှမသိဖူး သိတာကရေးချင်တာရေးမယ် ဒါဘဲ သိတာ ဘလော့ရေးတော့ ကိုယ့်ဘလော့လေးလှအောင်ကြိုးစား ရေးရတယ်နဂိုကမှ ပါရမီမပါတာကိုး ဝါသနာက တော့တော်တော်လေးကို ပါပါတယ် ဘလော့ပိုင်လာတော့ ပျော်ဖို့ကောင်းတယ် သွားလည်လိုက်စာဖတ်လိုက် မန့်လိုက်နဲ့ ဝိုင်းဆွေးနွေးထားတာတွေဖတ်မှတ်လို့ အသိအမြင်အတွေး အစုံရပါတယ် ပြီးတော့ဂျီတော့မှာ အရည် မရအဖတ်မရ ချပ်ချင်တာချပ်ပြောချင်တာပြော လုပ်လို့ရပေမယ့် ဘလော့မှာတော့ စည်းတွေရှိတယ် အချိန်ကုန် ခံပြီးထိုင်ချပ်နေတာထက် စာရင်တော့ ဘလော့တွေမှာစာဖတ်တာ ဘလော့ဂါတယောက်ဖြစ်တာကမှ ကောင်း သေးတယ်ထင်တယ် ကိုယ်သိတာကို ရေးပြကိုယ်တွေးတာကို ဖော်ထုတ်သူများရေးတာကို ဖတ်မှတ်သုံးသပ်ပြီး အမြင်ချင်းဖလှယ် ကဲဘယ်လောက်ကောင်းလဲဗျာ ဆိုတော့ဒီပို့စ်လေးရေးရင်း တိုက်တွန်းပါရစေ အဖိုးတန်အချိန် လေးတွေကို တန်ဖိုးရှိရှိ အသုံးချကြပါလို့ ချပ်တာဘဝကနေ ချပ်တင်းလောကကနေ လွတ်လွတ်ကျွတ်ကျွတ် နိုးထကြပါလို့ တိုက်တွန်းရင်းအသုံးသတ်ပါရစေဗျာ ဒွေးလေးကျေနပ်ပါစေ…….

ဘကြိုင်(ချဉ်ပေါင်ခြံ)

ရွာကဗျာ

Oct 18th, 2009 Posted in ကဗျာ | 3 Comments »

နေရိပ်ကယ်ညို ငှက်ကျေးငယ်တေးဆိုလို့

ခါငှက်တို့အိမ်အပြန် ရွာဦးကတုံးခေါက်သံ

နွားရိုင်းချိန်မှန် ငညိုငနီ ဘယ်ညာတွဲ

ဘကြိုင်လယ်တောအပြန်

ဆောင်းဦးလေရူးတို့ မြူးလွေ့ဝှေ့ဆော်

ရွာမေပျိုတသိုက် ရေခပ်ဆင်းခိုက်

ရွှေညာသားထွန်းဇော်ဦး ခြင်းခတ်လို့ဘူး

ဝိုင်းတော်ပါ ဇော်မင်းဦးပါ တက်ကြွနေတာ

အပျိုတွေမျက်စောင်းထိုး အေထူးမောင်ကပိုဆိုး

အရမ်းငမ်းတဲ့ချစ်သူပါ ပါသေးကွယ့်ရို့

ခြင်းဝိုင်းဘေးထိုင်လျှက်  သံစဉ်မဲ့

ဟိုးရှေ့ရွာလမ်းရှည် တမျိုးအမြင်ဆန်းနေ

ယိုင်နဲ့ဟိုတိုး   အရိပ်တို့ကတမျိုး

ထန်းတောကမူးပြီးအပြန် ကိုနီကိုတို့ဟန်

တဦးနဲ့တဦးမှီတွယ်နေပေ့ အလဲလဲကွဲကွဲ

လေတံခွန်လေးလဲ

ငညိုငနီ ဘယ်ညာဆွဲ လွတ်အောင်ရှောင်လို့လွဲ

ရွာထဲကအမူးသမား ဘူးသမား များတော့များသား

ရွာသူကြီးဦးဂျေ စိတ်တွေပူရှာပေ

တယောက်တမျိုးတော်တော်ဆိုး တို့ရွာက တေလေဂျပိုး

လိမ်မာတာက ဘကြိုင်ပါ  အပျိုတွေကကြိုက်ကြတာ

တို့ရွာမှာဆိုသတင်းတော်မြိုင် ကိုဘကြိုင် ကိုဘကြိုင်

အားလုံးကခင်မင်သေး အဟေး ဟေး

ခင်မင်တဲ့သူ ပိုက်ဆံချေး အတိုးမပေးရရေး

ဟိုပြုံးပြ ဒီပြုံးပြ အလုပ်တော်ရှုပ်ပါ့

နောက်ဆုံးတော် အကြံပေါ် ဂွတ်အိုင်ဒီယာလို့ခေါ်

ရှိသမျှလူလှည့်ပတ်ချေး ရွာကထွက်လို့ပြေး…….တတ်တာ

ဘကြိုင်(ချဉ်ပေါင်ခြံ)

အချစ်ထောင် (သို့) အချစ်၏ စွမ်းအင်များ

Oct 18th, 2009 Posted in ဦးဝါသဝ၏ဘာသာရေးဆောင်းပါးများ | No Comments »

အချို့သူတွေက ချစ်တာကို အကြောင်းပြုပြီး လှူကြတယ်၊ ကိုယ့်ကျင့်သိက္ခာကို ဖြင့်ကျင့်ကြတယ်၊ ဥပုတ်တွေဆောက်တည် ကြပါတယ်၊ တန်ခိုးအဘိ ညဉ်တွေ ရအောင်အားထုတ်ကြတယ်၊ နောက်ဆုံးရဟန္တာဖြစ် အောင်တောင်အားထုတ် ကြပါတယ်၊ တချို့သူတွေကျတော့ သတ်ဖို့လည်းဝန်မလေး ကြတယ်၊ ခိုးဖို့လည်း ဝန်မလေးကြဘူး၊ လိမ်ပြောဖို့လည်း ဝန်မလေးကြဖူး၊ ကုန်ကုန်ပြောရရင် ဒုစရိုက်ဆယ်ပါးကို ကြူးလွန်ဖို့ဝန်မလေးကြ တော့ဖူး၊ အမေကိုသတ်ဖို့လည်း ဝန်မလေးဘူး၊ အဖေကိုသတ်ဖို့ လည်းဝန်မလေးဖူး၊ မှားယွင်းတဲ့အယူကို ယူချင်လည်းယူမယ် တကယ်တော့ချစ်တာကို အကြောင်းပြုပြီး မလုပ်ရဲ့တဲ့ မကောင်းမှု့ဆိုတာ မရှိသလောက်ပဲ မကောင်းတာမှန်သမျှ အကုန်လုပ်ရဲတော့တာပဲ။ အင်း…အချစ်..အချစ် တယ်လည်း ဆန်းကြယ်လှပါလား။ စွမ်းအားကလည်းကြီး လိုက်တာနော်၊ တို့ဘုရားရှင်ရဲ့ ညီတော်နန္ဒမင်းသားကို သိလားမသိဖူး နန္ဒမင်းသားကတော့ အချစ်ကို အကြောင်းပြုပြီးတော့ ရဟန္တာဖြစ်သွားတယ်။ ကုဏ္ဍလကေသာထရီ ရဟန္တာမကြတော့ မဖြစ်ခင် သူဌေးသမီးဘဝတုန်းက “သတ္တုက” အမည်ရှိတဲ့ သူခိုးကို ချစ်မိတဲ့အတွက် သူ့ဘဝသမိုင်းမှာ လှပသင့်သလောက် မလှပတော့ပေ။ တကယ်တော့ မချစ်သင့်တဲ့သူကို ချစ်မိတာဟာလည်း အပြစ်တခု ကို ပြုလုပ်တာပဲပေါ့။ ကုဏ္ဍလကေသာထရီဟာ ရဟန္တာဖြစ်နိုင်လောက်တဲ့ ပါရမီဖြည့်ပြီးသား ပုဂ္ဂိုလ်ဖြစ်သော်လည်း တဒင်္ဂဝင်နှောက်လိုက်သည့် အချစ်ကြောင့် သမိုင်းမှာပြောစရာ ဖြစ်လောက်အောင် အမာရွတ်တခုကို ဖန်တီးမိသားဖြစ်သွားတယ်။ အော်..အချစ် အချစ်..တတ်လဲတတ်နိုင်ပေပါ့..

အချစ်ဟာနတ်ပြည်ကို ရောက်စေနိုင်သလို ငရဲပြည်ကိုလည်း ရောစေနိုင်တာပဲ၊ တိရစ္ဆာန်စိတ်တွေကို မွေးဖွားပေးနိုင်သလို လူပီသတဲ့စိတ်ကိုလည်း မွေးဖွားပေးနိုင်ပါတယ်။ နေဒဏ်လေဒဏ်တွေကို ခံနိုင်တယ်။ မိုးဒဏ်အအေးဒဏ် တွေကိုလည်းခံနိုင်တယ်။ တကယ်တော့ အချစ်ဟာတန်ခိုးကြီးသ လို ကြောက်စရာလဲကောင်းတယ် နောက်ဆုံးနိဗ္ဗာန်ရောက် အောင်လည်းစွမ်းနိုင်တာပဲ။ အပါယ်ဘဝက မလွတ်အောင်လည်း စွမ်းနိုင်တာပဲ။ အချစ်၏ စွမ်းအားများကို စာဖွဲ့နေရင်ကုန်ခမ်းနိုင် တော့မည်မဟုတ်ပေ။

“အချစ်ထောင်.. လူ့လောက အကြီးမားဆုံးအရာဝတ္ထု အကျဉ်းဆောင် အပါယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက် ရူးချင်စရာ.. နေပူပါစေ မိုးရွာပါစေ ရ တယ် မှောင်နေပါစေ လင်းလွန်းပါစေ ရီပါစေငိုပါစေ ပြုံးပါစေမဲ့ပါစေ ဘာဖြစ်ဖြစ်ရနေပါတယ် အစဉ်မြဲလည်းရပါစေမယ် အချစ်.. အကျယ်ချုပ်လား အချစ် တကယ်လုပ်မလားအချစ်” ကိုထီးရဲ့ သီချင်းလေးညည်းမိတာပါ။ ဗုဒ္ဓအလောင်းအလျာဟာ တစ်ခုသောဘဝမှာ “ဆပက”လို့ ခေါ်တဲ့စဏ္ဍလ တယောက်ဖြစ်တယ်။ တနေ့ဆပကရဲ့ မိန်းမမှာကိုယ်ဝန်ရှိလာတဲ့ အခါမှာအာသာတစ်ခု ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ ဘယ်လိုဖြစ်သလဲ ဆိုတော့ သရက်သီးစားချင်တဲ့ အာသီသဖြစ်ပါတယ်။ သရက်သီးမစားရရင် သေလောက်အောင်ကိုဖြစ်တာ ဒါနဲ့ဘုရားလောင်းဟာ မိန်းမကိုပြောတယ် ရှင်မဒီ အချိန်က သရက်သီးသီးတဲ့ အချိန်မဟုတ်ဖူး ပြောပြတယ်။ သရက်သီးတော်တော် ရှားတဲ့အချိန်ဖြစ်ကြောင်း ပြောပြပေမဲ့မရဖူး။ သရက်သီးမှ မစားရ ရင် ရှင်မတော့သေတော့မှာပဲ ဟုသာပြောနေတော့တဲ့ အတွက်နောက်ဆုံးတော့ အလောင်းတော်လည်း ဘာမှမတတ်နိုင်ပဲ ဘုရင့်ဥယျာဉ်ကတော့ မမြဲ တမ်းနီးပါး သရက်သီးရှိတတ်တယ် လို့တွေးပြီး ဘုရင့်သရက်ဥယျာဉ်ဆီ သရက်သီးခိုးဖို့ သွားပါတော့တယ်။

နေ့ဖက်ကြတော့ အစောင့်တွေများတဲ့အတွက် ညဘက်ကျမှခိုးမယ်ဆိုတဲ့ အကြံနဲ့သွားပုန်းအောင်နေပါတယ်။ အဲဒီအချိန်မှာမမျှော်လင့်ဘဲ ဘုရင်နဲ့ ပုဏ္ဏား တစ်ယောက်ရောက်လာတယ် အလောင်းတော်ပုန်းအောင်း နေတဲ့သရက်ပင်အောက် ရောက်လာပါလေရော အလောင်းတော်လည်း အသာ လေး ငြိမ်နေပါတယ်။ အဲဖြစ်ချင်တော့ဘုရင်က အမြင့်ကနေပြီးပညာသင်တယ် ပုဏ္ဏားကအောက်ကနေပြီး ပညာသင်ပေးတယ်။

ဒါကိုမြင်ရတဲ့အလောင်းတော် ဘယ်လိုမှနေလို့မရတော့ဘူး သဘာဝမကြတာကိုမြင်ရတော့ အလောင်းတော်ဟာ မနေနိုင်ဘဲသစ်ပင်ပေါ်ကနေ ခုန်ချပြီး ဘုရင်နဲ့ပုဏ္ဏားကိုပြောတယ်။ အရှင်မင်းကြီးနဲ့ ပုဏ္ဏား နှစ်ယောက်လုံးဟာ သဘာဝမကျတဲ့ အပြုအမူကိုပြုကျင့်ကြတယ် တစ်ကယ်တော့ ဆ ရာဆိုတာမြင့်တဲ့ နေရာမှာနေရမယ် တပည့်ဖြစ်သူက နိမ့်တဲ့နေရာမှာ နေရမှာဖြစ်တယ်။ ငါလည်းမထူးဘူး မိန်းမအတွက်နဲ့ သရက်သီးလာခိုးတာ ဖြစ် တဲ့အတွက် တရားမဲ့တဲ့အပြုအမူကို ကျူးလွန်တာပဲ- ဟုပြောလေသည်။ တစ်ကယ်တော့ ဒို့သုံးယောက်လုံးဟာ ဒီနေ့မဟုတ်တာ လုပ်နေကြတာပဲဟု ပြောကာပုဏ္ဏားနှင့် ဘုရင်နှစ်ယောက်လုံးကို တရားစကားဟောတော်မူတယ်။ အလောင်းတော်ဟာ ဘယ်ဘဝကိုရောက်ရောက် ဒီလိုမျိုးမတရားမှု့ကို လက်ပိုက်ကြည့်မနေတတ်ပါဘူး မဟုတ်တာကို မဟုတ်ဘူးဟု ပြောရဲသလို ဟုတ်တာကိုဟုတ်သည် ဟုဝန်ခံဖို့ဘယ်တော့မှ တုံ့ဆိုင်းမနေပေ။
မဟုတ်တာကို လုပ်မိရင်လည်း ဝန်ခံရဲတယ် ဒါဟာအလောင်းတော်၏ ကြည်ညိုစရာ သတ္တိထူးခြားသည့် ဂုဏ်တော်ဖြစ်လေသည်။ ဒီဇာတ်လမ်းမှာ အဓိကပြောချင်တာက အချစ်အတွက်နဲ့ မိရင်အသတ်ခံရမှန်း သိသော်လည်း ဘုရင့်ဥယျာဉ်တော်ကို လာပြီးသရက်သီး လာခိုးရဲတဲ့သတ္တိဟာ တော်ရုံတန်ရုံ သတ္တိမဟုတ်တာတော့ ကျိန်းသေတယ်။ အော်… အချစ်ကသတ္တိကြီးလိုက်တာ အလောင်းတော်များတောင် မဟုတ်တာကို လုပ်ရဲအောင် စွမ်းနိုင်တယ်နော် ဒို့လိုသူလိုကိုယ်လို ပုဂ္ဂိုလ်တွေကို အဘယ်မှာမပြုလုပ်နိုင်စွမ်း ရှိတော့မှာလဲ၊ဘာမှသမာဓိ စွမ်းအားမှလည်းမရှိ အသိဉာဏ်ပညာ က လဲပွားမွှားဆိုတော့ လုပ်ချင်တိုင်းလုပ်တော့မှာပေါ့။
အရှင်မဟာမောဂ္ဂလ္လာန် အလောင်းတော်ကျပြန်တော့လည်း မိန်းမစကား နားယောင်ပြီး အမေကိုတောင် သတ်ဖို့ကြိုးစားမိတယ်။ ဒါကြောင့်ပြောတာ ပေါ့ အချစ်ကအပါယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက်လို့။ အချစ်ကပြုလုပ်တာ မဟုတ်ပေမယ့် ဒါတွေအားလုံးဟာ အချစ်ကိုအကြောင်းပြုပြီး ပေါ် ပေါက်လာတာချည်းပဲ။ ယသောဓရာဒေဝီ မိဖုရားကျပြန်တော့ အလောင်းတော်အတွက် ပါရမီတွေ ကူညီဖြည့်ပေးလို့ အချစ်ကိုအားအဖြစ်အသုံး ပြုနိုင် တဲ့အတွက် နောက်ဆုံးနိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အချစ်ကအကောင်း တွေချည်းဖန်းဆင်းပေးသွားတယ်။

တစ်ကယ်တော့ အချစ်ကကောင်းတာ အားလုံးကိုဖန်းဆင်းပေးနိုင်သလို မကောင်းတာအားလုံးကိုလည်း ဖန်ဆင်းပေးနိုင်တယ်ဆိုတာ သိရှိပြီးသကာ လ မိမိတို့၏ အချစ်ကို နိဗ္ဗာန်ရောက်သည် အထိအကောင်း ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေဟု ဆန္ဒပြုရင်းဒီနေ့ တင်ပြချက်ကို အဆုံးသတ် သတ်ကြပါစို့
တကယ်တမ်းကျတော့ ဒီဆောင်းပါးကို မိမိသူငယ်ချင်းတယောက် အတွက်ရည်ညွန်းရေး ခဲ့ခြင်းဖြစ်ပေမယ့် အားလုံးကောင်းဖို့အတွက်ဖြစ်ပါသည်။

ကျွန်တော်ပြုံးနိုင်ပြီ

Oct 17th, 2009 Posted in စာတိုပေစ | 1 Comment »

စိတ်ထဲညိုးငယ်စိတ်ဖြစ်မိသည်။ အားလုံး၏မျက်လုံးများမှာ မိမိထံတွင်သာစုပြုံကျရောက်နေပြီး အထင်သေးသောအဓိပ္ပာယ် များပျော်ဝင်နေ၏ အထူး သဖြင့်အမေ့ကို ပါအပြစ်တင်လေသံပါသော ဆရာမစကားကြောင့် ရင်ထဲ၌ဝမ်းနည်းမိသည်။ ရှက်ရွံစိတ်ကြောင့်တိတ်တဆိတ် ရှိုက်ရင်းမိမိအင်္ကျီအ ပေါက်လေးကို ငုံကြည့်နေလိုက်သည်။ စိတ်တွင်းမှဝမ်းနည်းစိတ်ကြောင့် မျက်ရည်တပေါက်မကပြိုဆင်းခဲ့ရသည်။ “မင်းအမေကလဲ မတတ်နိုင်တာလဲ မဟုတ်ဖူး ကတ်စီးနည်းလိုက်တာ အင်္ကျီအသစ်လေး ဘာလေးမဝယ်ပေးဖူးလား” “လဲမဟုတ်ဖူး ကတ်စီးနည်းလိုက်တာ…အင်္ကျီ အသစ်လေးဘာလေးမဝယ်ပေးဖူးလား”“ကျောင်းအင်္ကျီအဖြူကအဝါရောင်ဖြစ်နေပြီ သပ်သပ်ရပ်ရပ်မ ရှိဖူးညစ်ပတ်နေတာပဲ သူများတွေကြည့်” ဟူ၍ပြောလာသော ဆရာမအသံမိမိနားထဲမှ မထွက်နိုင်ချေ။ အတန်းဖော်များအားလုံး သစ်လွင်သော အ ဝတ်စားများ ကိုယ်စီဝတ်ဆင်လာချိန်မှာ မိမိတယောက်သာမီးပေါက်နေသော အင်္ကျီလေးဖြင့်အတန်းထဲ မတ်တပ်ရပ်နေမိသည်။ အားလုံး“မင်္ဂလာပါ ဆရာမ” ဟုနှုတ်ဆက်တော့ ဆရာမကမထိုင်စေပဲ ကျောင်းသားအားလုံးကို လှည့်ပတ်စစ်ဆေး၏ မသပ်မရပ်ဖြစ်နေသော မိမိတယောက်သာ ဆရာမ မျက်စိထဲခလုတ်တိုက်မိခဲ့သည်။ ကျောင်းသားအားလုံးရှေ့အခုလိုအဆူခံရတော့ ရှက်ရွံဝမ်းနည်းစိတ်ဖြစ်ပြီး ရှိုက်ငိုခဲ့ရသည်။ “ယောက်ကျားဆိုတာ မျက်ရည်မလွယ်ရဖူး”ဆိုတဲ့ အမေ့စကားသံနားထဲ တိုးဝင်လာ၍အားပြန်တင်းကာ မျက်နှာကိုခပ်တည်တည်လုပ်ထားလိုက်သည်။ သို့သော်မျက်ရည် များကို မထိန်းသိမ်းနိုင်ခဲ့ပါ။ ၄င်းတို့မြစ်ဖျားခံရာမျက်လုံးအစုံကို ထိုးဖောက်ပစ်လိုက်ချင်၏ ထိုနေ့တနေ့လုံး ဆရာမသင်ကြားသော သင်ခန်းစာများတ ခုမှခေါင်းထဲမရောက်ခဲ့ချေ။ နားထဲလေသံများကြားပြီး မျက်လုံးများစွာအကြည့် ခံခဲ့ရသောမိမိတကိုယ်လုံး ထူပူနေမိသည်။ အားလပ်ချိန်တွင် အတန်း သားအချင်းချင်းတိုးတိုး တိတ်တိတ်တွတ်ထိုးနေသော စကားသံများနားထဲ ရောက်လာပြန်သည်။ “ငါအမေကသေချာမီးပူတိုက်ပေးတာ”

“အေးဟုတ်တယ် ငါ့အမေရောပဲ ကျောင်းကပြန်ရင်အဝတ်စားချွတ်ပုံထားရုံပဲလေ တို့မောင်နှမအဝတ်တွေအားလုံးကိုလျှော်ပေးတယ်”
“@!!!!!@###%^&******(@%***** ”
“*******####!!!!!!!

ညနေကျောင်းဆင်းတော့ အိမ်ကိုခပ်သွက်သွက်ပြန်ဖြစ်ခဲ့သည်။ခါတိုင်းမိမိစကားသံများ ရယ်သံများဖြင့် ဆူညံနေသောအိမ် ကလေးတိတ်ဆိတ်နေ၍ ထင့်ကျွန်တော့်အဘိုးမှ “ဖိုးဇော်…ဘာဖြစ်နေတာလဲ ကျောင်းမှာဘာဖြစ်ခဲ့တာလဲ သူငယ်ချင်းတွေနဲ့ရန်ဖြစ်လာတာလား လာအုံးအဘိုးကိုပြော” ဆို လေ၏ အမှတ်တမဲ့ ဖြစ်နေသော အဖေနဲ့အမေလဲလှုပ်လှုပ်ရှားရှား ဖြစ်လာပြီးကျွန်တော်အဖြေကို နားစွင့်ကြလေသည်။ စိတ်ထဲမှာကြိတ်ပြီး ဖုံးဖိ သော်လည်း ပျော့ညံသောကျွန်တော့်စိတ်ကြောင့် ရှိုက်ငိုမိပြန်သည်။ ငိုသာငိုနေသောကျွန်တော့် ကိုအားလုံးဝိုင်းမေးကြသော်လည်း ဘာအဖြေမှမရ ခဲ့ပေ။ နောက်ဆုံးအမေက “ငို…ဝမ်းနည်းတုန်းငိုလိုက်. ပီးရင်ဘာကြောင့် ငိုတယ်ဆိုတာအမေ့ ကိုပြောပြ” ကျွန်တော့်ခေါင်းကို ပွတ်သတ်ကာအမေဆို တော့ပို ဝမ်းနည်းပြီးရှိုက်ကြီး တငင်ငိုမိပြန်သည်။

ငိုရင်းမောလာသော ကျွန်တော်ကြာတော့အငိုရပ်သွား၏ တချက်တချက်သတိတရ ရှိုက်ကောင်းတုန်းပင်။  ငိုလို့အားရမှသတိ ထားကြည့်မိတော့မြို့ ထဲကအဖွား(အဖေ့ဘက်မှ) နဲ့ဒေါ်လေးပါအိမ်ရောက် နေတာတွေ့လိုက်ရသည်။ “နင့်သားကိုဆရာမက အဲလိုပြောလို့တဲ့” ဆိုပြီးအဖွားမှအမေ့ကို ပြောပြနေ၏ အဖွားတို့အိမ်နီးနားတွင် မိမိအတန်းဖော်များ ရှိသည်ကိုး။ အဖွားနားထဲ ဧကန်ရောက်ပေမည်။ အဖွားပြောစကားများ နားထောင်ရင်း ကျွန်တော့်အမေ ပြုံး၍ကျွန်တော်ကို ကြည့်နေလေသည်။ “နင်ကလဲ ကိုယ့်သားသမီးကို လုပ်ပေးသင့်တာလုပ်ပေးလေ ဟုတ်တာပဲ မသပ်မရပ်ဖြစ်နေ တော့ အဆူခံရမှာပေါ့” ဟုအဖွားမှကျွန်တော့် အမေကိုဆူငေါက်လေ၏

အမေ့ကိုကျွန်တော် အားနာသနားမိသည်။ ကတ်စီးနည်းသူတယောက် သားကိုအဝတ်မလျှော်ပေး သူတယောက်အဖြစ် ပြောဆိုခံရ၍ဖြစ်သည်။ တ ကယ်ပင်အမေ့ကိုထိုသို့ ပြောသည်ကိုကျွန်တော် မခံနိုင်ပေ။ တွေးရင်းမျက်ရည်ကျမိပြန်ပြီ။ ရှိုက်ငိုနေသော ကျွန်တော့်ကိုအမေက “ဒါငိုစရာမဟုတ်ဖူး နော် သူများလိုသပ်သပ်ရပ်ရပ်ဝတ်ချင်တယ်ဆိုရင် လျှော်တုန်းကစင်အောင် သေချာလျှော်ပါလားသားရဲ့ မီးပူတိုက်တဲ့အခါကျရင်လည်း သတိထား တိုက်ပေါ့” လို့ပြောလေသည်။

“ဟယ် နင်ကလည်းကလေးကို ဒီအရွယ်လေးနဲ့ဘယ်လိုလုပ်ပြီးဒါတွေလုပ်တတ်မှာလဲ”ဟုကျွန်တော်ဘက်ကကာ ပြောပေးသောအဖွားကို ကျွန်တော် ကျေးဇူးတင်မိသည်။ သို့သော်အဖွားပြောစကား မအောင်မြင်ခဲ့ပါ။ အမေ့ရဲ့အဖေ ကျွန်တော့အဘိုးရော ကျွန်တော့အဖေပါ ရေငုံနှုတ်ဆိတ်နေကြ၏ “အမေသားကို မလျှော်ပေးချင်လို့ မဟုတ်ဖူး…ငါ့သားဒါတွေကိုလုပ်ရမယ်တနေ့ ငါ့သားအမေ့ စေတနာကိုနားလည်လာမှာပါ အခုဒီနေ့ကစပြီးအဝတ် လျှော်ရင်သေချာစင်အောင်လျှော်မီးပူတိုက်ရင်မီးမပေါက်အောင် သေချာတိုက်ကြားလား တနှစ်ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံလေးစုံပဲရမယ် မီးပေါက်ရင်ဖြစ်ဖြစ် ညစ်ပတ်ရင်ဖြစ်ဖြစ်ဝတ်ရမယ် နောက်ထပ်အသစ်မရဖူး” ဆိုတဲ့ပြောစကားသာ ကျွန်တော်ရလိုက်သည်။ နောက်နေ့ကျောင်းစာ၌ ကျောင်းသို့ အမေရောက်လာ၏ စာသင်ခန်းအဝမှာအမေ့ ကိုမြင်လိုက်တော့ ကျွန်တော်ရင် ထိတ်သွားမိသည်။ မနေ့ကအဖြစ်ကြောင့် ဆရာမကိုရန် တွေ့ရန်များ ရောက်လာသလားထင်မိ၍ဖြစ်သည်။ ဆရာမကိုကြည့်၍ စကားခဏပြောချင်လို့ဟု အမေဆို၏  “လာလေအစ်မ..ဝင်မနေ့က ကျွန်မအစ် မသားကို ဆူလိုက်တယ်”လို့ ဆရာမကအမေ့ ကိုပြောလေသည်။ “အင်းလေ..အဲဒါ အိမ်မှာငိုကြီးချက်မလုပ်နေလို့  လိုက်လာတာ” အမေပြန်ပြော၏ “ကျွန်မသားကို အဝတ်မလျှော်ပေးဖူး ကျွန်မပြောထားလို့ သူဖာသာသူလျှော်တာ မီးပူတိုက်ဝတ်တာ ညစ်ပတ်ပေရေနေတာ တော့ဖြစ်မှာပေါ့ အဲဒါကို မမေး ဆရာမကမမေးမမြန်းပဲ ရမ်းသမ်းဆူတာတော့ မကောင်းဖူးဆရာမရယ်… ကျွန်မသားကိုအခုကတည်းက အကျင့်ဖြစ်နေအောင် သင်ပေးထား တာပါ တနေ့သူကြီးလာရင် သားကျွေးမှု့ မယားကျွေးမှု့ဆိုတာ ကြုံမှာပဲယုတ်စွဆုံး သူ့တကိုယ်ရေ သူထိန်းကျောင်းနိုင်မယ် အခုကတည်း ကဒါတွေ လုပ်တတ်မှလေ.. ဆရာမတို့လိုသားသမီးကို နေရာတိုင်းအလို မလိုက်နိုင်ဖူးရှင့်” “ပြီးတော့လင်ကိုဘုရား သားကိုသခင် ဆိုတဲ့မိန်းမထဲ ကျွန်မ မပါဖူး ဆရာမ ဆရာမဆူတာက အကြောင်းမဟုတ်ဖူး ကလေးစိတ်ထဲ တမျိုးဖြစ်သွားနိုင်တယ်” “ကျွန်မကတ်စီးနည်းလား မနည်းဖူးလား ဆရာမတို့ကျောင်း အုပ်ကြီးနဲ့ပညာရေး မှုးကိုမေးကြည့် လူကြီးလာတိုင်း ကျွန်မခြံထဲက ပန်းအိုးတွေငှားပြီးကွဲရင် အလျှော်တောင်မတောင်းဖူးနော်ဆရာမ” ကျွန်တော့် စာသင်ဖော်တွေ ဖက်ဝှေ့ကြည့်ကာ “ငါ့သားက နင်တို့ထက်သာတယ် ကိုယ့်အဝတ်ကိုယ်လျှော်တယ် နင်တို့လိုမိဘလက်လှုပ်မှ ပြောင်ရောင်နိုင်တာ တာမဟုတ်ဖူး”ဟုပြောလေ၏ ဆရာမကိုစကားအများကြီးပြောကာ မဟုတ်ဖူး” တဲ့ပြောလေ၏ ဆရာမကိုစကားအများကြီး ပြောကာကျွန်တော်အမေ ပြန်သွား၏

ဒုတိယအကြိမ်မြောက်ရိုးရိုးသားသားရှက်မိပြန်သည်။ မနေ့ကအဆူခံရလို့ အမေကိုကျောင်းခေါ်ခဲ့သူလို့ အတန်းဖော်တို့ ထင်မှာကိုပင်။ အမေပြန်ပြီး ခဏအကြာ ဆရာမက“မနေ့က ပြောရောပေါ့ ဖိုးဇော်ရယ်. ဒီလိုကျတော့လည်းငါ့တပည့် ကတော်တယ်တော့ ဆရာမသားတွေထက်တောင် တော်သေးတယ်”ဟု ဆရာမကကျွန်တော်ကို ချီးကျူးခဲ့သည်။ တကယ့်စိတ်ရင်းလား ဆိုတာတော့ဆရာမသာ သိပေလိမ့်မည်။ ထိုနေ့တွေကစလို့ ကျွန်တော်အဝတ်စင်အောင် လျှော်ပြီး မီးပူကိုသေချာဂရုတစိုက် တိုက်ခဲ့သည်။ မီးသွေးထည့်ကာ တိုက်ရသောကြေး မီးပူကြီးကိုလက်နှစ်ဘက်ဖြင့် မနိုင့်တနိုင်တိုက်ရသည်။

ဒီနေ့ဒီချိန်ရောက်လာတော့အမေ့ကိုကျေးဇူးတင်မိသည်။ ကျွန်တော်အဝတ်လျှော်တတ်ပြီ။မီးပူတိုက်တတ်ပြီ။မီးပူခေါက်ရိုးကျိုးသောအဝတ်သာဝတ် ပြီးလမ်းထွက်တတ်ပြီ။ “ကျေးဇူးပါအမေ” အမေ့သား အမေ့ကို“ကျေးဇူးတင်ပါတယ်” အမေ့သား လေးတန်းတက်တုန်းက ရှိုက်ငိုခဲ့ရပေမယ့် အခု သားပြုံးနိုင်ခဲ့ပြီအမေ အခုသားနားလည်လာပါပြီ သူများအပေါ်မှီခိုမှု့ ကင်းခဲ့တယ်အမေ .အမေပေးတဲ့ အမေပျိုးခဲ့တဲ့စိတ်ဓတ်သားတဝက်ပိုင်နေပြီ နေပြီအမေ

သီတင်းကျွတ်လပြည့်နေ့မှာ အမေ့ကိုအဝေးကနေ သားကန်တော့လိုက်ပါတယ် အမေ….

း) အမေ့ကိုလွမ်းသော
ဘကြိုင်
အဖေ့ကိုလည်းလွမ်းတာပဲဗျာ

Get Adobe Flash playerPlugin by wpburn.com wordpress themes
1 visitors online now
1 guests, 0 members
Max visitors today: 7 at 12:17 am UTC
This month: 9 at 03-10-2010 04:24 am UTC
This year: 32 at 02-05-2010 04:51 am UTC
All time: 32 at 02-05-2010 04:51 am UTC